Part-20

16.7K 2K 183
                                    

Unicode

အေးစက်စက်အခန်းငယ်ထဲတွင်သူလှဲနေ၍ လေးလံသောမျက်ခွံလွှာအား ပင့်လိုက်သောအခါ မှုန်ဝါးဝါးသာ မြင်နေရသော အခန်းကျည်းလေးတစ်ခန်း။ နာကျင်၍မျက်လုံးအား အတင်းဖိမှိတ်၍ ပြန်ဖွင့်ကြည့်သောအခါ အဖြူရောင်အခန်းငယ်လေးကို မျက်ဝါးထင်ထင်မြင်ရသည်။

သူခဏတွေငေးနေ၍ ကိုယ့်ကိုပြန်ငုံ့ကြည့်၏။ သူဘယ်နေရာသို့ရောက်နေသနည်း၊ အဘယ်ကြောင့် ဒီးအခန်းကျည်းထဲတွင်ရောက်ရှိနေပါသနည်း။ သူသည် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်ကြည့်၍ နံဘေးကမှန်အနားထသွားလေ၏။

"အ..အ..."

သူစကားပြောချင်သည် သို့သော် အသံများထွက်မလာခဲ့ချေ။ သူ့ရုပ်ကို မှန်ထဲတွင် အကြာကြီးငေးကြည့်မိ၍ မှိုင်နေ၏။ လည်ပင်းပေါ်က အမာရွတ်က အနာကျက်သေးသည့် ပုံမပေါ်။

*ငါ ဘယ်သူလဲ... ငါဘယ်ရောက်နေတာလဲ...*

မှန်ထဲရှိသော သူ့ပုံရိပ်အားကြည့်၍ သူထိန့်လန့်သွားသည်။ သူ့ဘယ်သူဘယ်ဝါမှန်း သတိရသည့်ပုံမပေါ်ချေ။ ဘယ်လိုပင် သူဆက်၍စဥ်းစားပါစေ နာကျင်လာသော အတွေးများက ပိတ်ဆို့ထား၍ ရင်ဘက်အားနာကျင်ရသည်။

*ငါဘယ်သူလဲ!!!*

သူပေါက်ကွဲ၍ မရခဲ့။ သူအသံပင်မထွက်နိုင်ခဲ့။ ထို့နေရာတွင်သာ သူထိုင်ချ၍ လောကကြီးအား ဥပက္ခာပြုထားလိုက်သည်။ ကမ္ဘာကြီးက ချာချာလည်နေသယောင် သူငို၍ ခဏအကြာတော့ ကြေကွဲစရာကောင်းသော ရယ်သံများကအခန်းထဲတွင် ပျံ့လွင့်လာခဲ့၏။ ရယ်မောခြင်းနှင့် ပူတွေးငိုကြွေးခြင်းဟာ ဤနေ့သူ၏အဖော်များဖြစ်သည်။

__________________________________

နောက်ကျိကျိ လေးလံနေသော ခေါင်းကြောင့် နားထင်အားဖိ၍ ကိုယ်ပေါ်ရှိစောင်များခွာချကာခုတင်ပေါ်ကဆင်းလာသည်။

"ကျွတ်...ကျွတ်..."

အုံခဲလေးလံသော ခေါင်းကြောင့် သူစိတ်မကြည်၊ ခုံပေါ်ရှိရေဗူးအားယူ၍ မော့ချရန် လုပ်သောအခါ...

"Boss...မသောက်နဲ့...ပြန်ချထား..."

ကိုးလ်လက်ထဲရှိသော ရေသန့်ဗူးအားလှမ်းဆွဲ၍ အတွင်းရေးမှူးကတားလေသည်။ ထို့နောက်တွင် အခန်းထဲတွင်လာသော ဝန်ထမ်းများ၏လက်ထဲတွင် ကော်ဖီပူများနှင့် စွတ်ပြုတ်များဖြစ်၏။ လေးလေးသည်လည်း ဝင်လာသောကြောင့် သူဆက်မရပ်နိုင်တော့ဘဲ ဆိုဖာပေါ်တွင်သာထိုင်ချတော့၏။

[ကိုးလျ]ကိုးလ် [Complete] Onde as histórias ganham vida. Descobre agora