အပိုင်း(၁၀) အသနားခံမျက်ဝန်း

288 58 18
                                    

 
Unicode

   ဒါ..... ဒါက!!!!!

   ကျန်းချန်တစ်ယောက်မိမိအရှေ့တွင် မြင်နေရသည်ကို ဘယ်လိုမှပင်မယုံနိုင်..။ ‌ချက်ချင်းနေရာမှာတင်ပစ်လဲမိချင်သည်အထိ...

      မိမိရှေ့တွင် ချလာသောထိုလူသားတို့တစ်နည်း‌ခေါ် ခေါက်ဆွဲထဲတွင် ထည့်ထားသောအရာများကို ‌ကြည့်ရင်း ကျန်းချန်ချွေးစီးတို့ပင်ပျံလာရတော့သည် ...။

      "ပေါက်... ပေါက်စလေး ဘယ်လိုဖြစ်လို့လဲ... အဆင်ပြေလား..."

     လန်ရှီးချန် မျက်နှာရုတ်ချည်းဖြူလျော့သွားတဲ့ ရေသူပေါက်လေးကိုကြည့်ရင်း ရုတ်တရက်သူပါလန့်ဖြန့်သွားပီး ‌လက်ကိုကိုင်ကာ အလန့်တကြားမေးလာခဲ့သည်...။ ထိုအခါ လန်ရှီးချန်လက်မောင်းကို ချက်ချင်းတွယ်ဖက်ရင်း မိမိရှေ့ကခေါက်ဆွဲပန်းကန်ဆီသို့ လက်ညှိုးထိုးညွှန်ပြရင်း...

   ခေါက်ဆွဲပေါ်တင် လှလှပပလေးစီရီထားသော ပုဇွန်သုံးကောင်နှင့် ဘေးပတ်ပတ်လည်‌တွင်တွေ ကမာကောင်လေးများဖြင့်... ထို့နောက် ‌ပုဇွန်သုံးကောင်၏ ဘေးမျက်နှာချင်းဆိုင်၌ ယှဉ်တွဲထားသော ရေဘဝဲခြေထောက်များ...

   လန်ရှီးချန် သဘောပေါက်ခဲ့ပြီ။ ဒါကိုမြင်ပြီး ရေထဲကလာရှာတဲ့ မင်းသားလေးကလန့်သွားမှာပေါ့... ဒါကိုဘယ်လိုများမစဉ်းစားမိခဲ့ရတာလဲ... အား.. တကယ်ပါဘဲ!!

     "ပေါက်စလေး... ကြောက်သွားတာလား ကိုယ်တောင်းပန်ပါတယ်.. ကိုယ်သ..သတိမထားဘဲ မှာလိုက်မိတယ်...စိတ်မရှိပါနဲ့ ကိုယ့်ကို.."

   
      ကျန်းချန်ခေါင်းခါမြဲသာခါနေသည်။ ဘယ်လိုမှမြင်‌တွေ့နေရသည်ကိုမယုံရက်.. လူသားတွေကဒီလိုမျိုး အပြစ်မရှိရှာတဲ့ သူတို့ပင်လယ်ရေအောက်က အကောင်ငယ်လေးတွေကိုစားရက်တယ်တဲ့လား...!

       ကြောက်စရာကောင်းလိုက်တာ!!!

     မ..မဖြစ်။ ပြောမရ... တစ်နေ့လည်း ဒီလူကြီးကသာ သူ့သူငယ်ချင်းတွေနဲ့အတူ ကျန်း..ကျန်းချန်ကို အိုးကြီးထဲထည့်ပြီး အခုလို ပြုတ်စားပစ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲ!!!

     အခုချက်ချင်း ပင်လယ်ထဲခုန်ဆင်းလိုက်တာဘဲ ကောင်းပေရော့မည်...။

My Baby Merman~Where stories live. Discover now