အပိုင်း (၁၁) "ကိုယ်တို့အရင် ဇာတ်တိုက်ကြရအောင်"

455 66 32
                                    


Unicode

"တွေ့ရတာဝမ်းသာပါတယ် လန်ဟွမ်~"

၁ စက္ကန့်..

၂စက္ကန့်..

၃ စက္ကန့်...

လန်ရှီးချန်သူကြားနေတာကိုသူပြန်မယုံနိုင်ဖြစ်သွားခဲ့သည်။ အခုတင်သူ့ရေသူထီးလေးကစကားပြောလိုက်တယ်ဆိုထက်သူ့လူခေါ်နဲသည့်နာမည်ကိုလည်းခေါ်လိုက်တယ်တဲ့လား..။ အသံဟာလည်း သြရှရှနဲ့ တကယ်ကိုသြဇာအပြည့်နဲ့ နားထောင်ကောင်းလိုက်ပါဘိ။

ကျန်းဝမ်ရင်...ဝမ်ရင်တဲ့လား...။

ကျန်းချန်သူ့ကိုဘာမှမပြောပဲ ဒီအတိုင်းစိုက်ကြည့်နေတဲ့ ရှီးချန်ကြောင့် အနေရခက်လာပြီးမျက်နှာတွေပူလာခဲ့သည်။ သူခွင့်မတောင်းပဲနဲ့သူ့မှတ်ဉာဏ်တွေထဲဝင်ကြည့်မိသလိုဖြစ်သွားတာလို့ စိတ်ခုသွားတာများလား...။

"ဟို... ခ..ခများကြီးအဆင်ပြေရဲ့လား"

"...."

"မနေ့ညက.. အဟမ်း.. ဘာမျှမပြောပဲ ရုတ်တရက်ကြီးပြုမူမိလို့တောင်းပန်ပါတယ်..ဟို..တကယ်..တခြား..ဘာ..နည်းလမ်းမှရှာမတွေ့တော့လို့ပါ..။"

"..."

"ခများရဲ့မှတ်ဉာဏ်တချို့ကိုလည်း ခွင့်မတောင်းပဲယူကြည့်မိတဲ့အတွက်လည်း တကယ်ကိုတောင်းပန်ပါတယ်... အဲ့ကနေတစ်ဆင့်မှ စကားပြောဖို့ ဘာညာ တချို့လူသားတွေရဲ့အသိဉာဏ်တချို့ကိုသိရတာမို့လို့ပါ..."

"..လန်ဟွမ်"

"ဟင်..?"

"လန်ဟွမ်.... ကိုယ့်နာမည်လေးတစ်ချက်ပြန်ခေါ်ပေးပါလား.."

"...."

"နား..နားထောင်ကောင်းလို့"

ကျန်းချန်တစ်ယောက်မျက်နှာတွေနီရဲလာပြီး လန်ရှီးချန်ကိုကုတင်ပေါ်မှတွန်းချမိလိုက်သည်။

"လန်ရှီးချန်!!! ခများကြီးဒီနေ့အလုပ်ကိစ္စဆိုလား ဘာလားသွားဖို့ရှိတယ်မလားး.. အခုချက်ချင်းထဖို့ပြင်စမ်း!!!!"

"အား... ကျွတ်.. ကျွတ်.. နာတယ် ပေါက်စလေးရဲ့.. ပြီးတော့ကိုယ်ခေါ်ခိုင်းတာ အဲ့နာမည်မဟုတ်ဘူးလေဗျာ..."

"တော်...တိတ်စမ်းဗျာ!!! အခုချက်ချင်းထဖို့ပြင်!! မြန်မြန်!!!"

You've reached the end of published parts.

⏰ Last updated: Aug 10, 2021 ⏰

Add this story to your Library to get notified about new parts!

My Baby Merman~Where stories live. Discover now