Ep18- A Blue Orchid (Zawgyi+Unicode)

250 21 6
                                    

                         Unicode

Ring. .. Ring. .. . Ring

တုန်ခါနေတဲ့ဖုန်းကိုလူတစ်ယောက်ကချက်ချင်းကိုင်လိုက်တဲ့အခါဒေါသအမြက်ချောင်းချောင်းထနေတဲ့ယောကျာ်းသံတစ်သံကဆိုးဆိုးဝါးဝါးထွက်ပေါ်လာခဲ့တာမို့ဖုန်းကိုင်လိုက်သောလူသားက သူ၏ဖုန်းကိုနားနဲ့အနည်းငယ်ခွာလိုက်ရပေသည်။

ဖုန်းကိုင်ထားတဲ့လူနဲ့မလှမ်းမကမ်းတွင် လူတစ်ယောက်ကကျောခိုင်းမတ်တပ်ရပ်နေခဲ့ပြီး ပင်လယ်ဘေးရှိစံအိမ်ရဲ့ကျောက်နံရံတွေကိုရိုက်ခတ်နေပါသော ငွေဖြူရောင်လှိုင်းလုံးကြီးများကိုအသာငေးကြည့်လို့နေခဲ့သည်။သူ၏နားတစ်စုံကိုတော့ စူးစူးဝါးဝါးဒေါသူပုန်ထနေပါသောအသံလာရာဖုန်းထံသို့စွင့်ထားစေလျက်။ သူ၏လက်ညှိုးကလေးက လက်ထဲရှိဝီစကီခွက်လေး၏နှုတ်ခမ်းစောင်းကိုတောက်ဆတ်လို့နေပေသည်။

[မင်းတို့ဘယ်လိုလူတွေလွှတ်လိုက်တာလဲ ?

ဘာမှမဟုတ်တဲ့လူနှစ်ယောက်ကိုတောင်ထိခိုက်အောင်မလုပ်နိုင်ဘူးလားကွ !]

[ မင်းတို့လူဘယ်နှယောက်လွှတ်လိုက်တာလဲ လွှတ်လိုက်တဲ့လူတွေကိုအခုချက်ချင်းပြန်ခေါ်လိုက်ရင်ကောင်းမယ် ! ဖေးဟွေ့နဲ့ Ashကအခုတလောထပ်ပြီးမြေလှန်နေတာ အကယ်၍ တစ်စုံတစ်ယောက်ကိုသာသူတို့မိသွားခဲ့ရင် .. . .. ]

"ဘာလဲ...မင်းကြောက်နေပြီလား ?"

ပြတင်းအပြင်ဘက်ကိုတစ်လျှောက်လုံးအသံတိတ်ငေးကြည့်နေတဲ့လူက ဝီစကီခွက်လေးကိုလှုပ်ခတ်လိုက်ပြီးသရော်ဆန်သည့်လေသံမျိုးဖြင့်ဖုန်း Screenတစ်ဖက်ခြမ်းကလူကိုခနဲ့လိုက်သည်။Screenတစ်ဖက်ကလူကထိုမေးခွန်းကိုကြားသော်ခနတိတ်ကျသွားပြီးနောက်ပြန်ဖြေလာခဲ့သည်။သူ၏ပြန်ဖြေသံမှာအကြောက်တရားတွေကင်းစင်လွန်းနေပြီးအငြိုးကလဲ့စားတို့ကစိုးစံခြယ်လှယ်နေလျက်။

[ဒါတော့ငါကမင်းကိုပြန်မေးချင်နေတာ သူတို့မင်းရှိတဲ့နေရာကိုသိသွားရင်
မကြာခင် မင်းခေါင်းကိုဖြတ်ပစ်ဖို့သူတို့ရောက်လာကြတော့မယ် မင်းဘာဆက်လုပ်မလဲ ? 
မင်းသူတို့နှစ်ယောက်နဲ့ထိပ်တိုက်တွေ့ရမှာကိုကြောက်နေရင် မင်းသာအရင်လက်လျှော့လိုက် ! ]

HE= MY Mr. Devil (အကျွန်ုပ်၏နတ်ဆိုးသခင်)[Completed]Where stories live. Discover now