ep12- သူသေသွားခဲ့ပြီတဲ့ .....(Zawgyi+Unicode)

379 25 11
                                    

Unicode

St. Joesephဘုရားကျောင်းရဲ့မီးသင့်ခံခဲ့ရတဲ့ပရဝုဏ်အတွင်းတွင်ဂိုဏ်းကြီးနှစ်ဂိုဏ်း၏အကြီးအကဲဖြစ်သူနှစ်ယောက်မှာမျက်စိရှေ့ရှိအဖြစ်အပျက်ကိုမယုံကြည််နိုင်စရာကောင်းလှစွာဆက်ပြီးမေးခွန်းထုတ်နေခဲ့ရသည်။

"ဒါ ... ဒါ အကို၂ ! "

ဖေးဟွေ့၏စကားသံတို့ဟာပြတ်တောင်းသိမ်ဝင်နေကာစိုးရိမ်ကြောင့်ကြမှုများအလယ်ပိတ်လှောင်ခံထားရတဲ့လူသားပီပီ စကားတစ်ခွန်းကိုတောင်ဖြောင့်တန်းစွာအဆုံးမသတ်လိုက်နိုင်ပေ။

"မဖြစ်နိုင်ပါဘူး စိတ်ထိန်း အားဟွေ့ !
ယင်းကဒီလိုမျိုးလွယ်လွယ်နဲ့ထွက်သွားမယ့်လူတစ်ယောက်မဟုတ်ဘူး "

Ashကဖေးဟွေ့၏ပုခုံးသားထက်ဆုပ်ကိုင်လိုက်ရင်းနှစ်သိမ့်စကားဆိုသည်။

"Dylan ! အလယ်ပိိုင်းစံအိမ်တော်ကလူတွေကိုခေါ်လိုက် ဒီနယ်မြေကိုပိိုက်စိပ်တိုက်ရှာရမယ်။ အကို၂က...ကျိန်းသေဒီနယ်မြေထဲမှာရှိနေမှာ ! "

"ကောင်းပါပြီ သခင် ! "

ထို့သို့ပြန်ဖြေပြီးနောက် Dylanကကျွင်းနက်ကြီးထဲမှပြန်ခုန်တက်လာကာ လေတစ်ချက်ချွန်လိုက်လေသည်။ထိုစဥ်ကောင်းကင်ယံထက်ကသစ်ရောင်မှိုင်းမှိုင်းအမွှေးထူထူသိမ်းငှက်တစ်ကောင်ဟုထင်ရသည့်ငှက်ကြီးတစ်ကောင်ကဝေ့ဝဲဆင်းသက်လာကာလေထုအလယ်၌ဆန့်တန််းထားသော Dylan၏လက်မောင်းပြင်ထက်တွင်ကောက်ကွေ့ရှည်လျားလှသောလက်သည်းများကိုကုပ်တွယ်ထားရင်းနားခိုလာလေသည်။
ထိုငှက်ကြီးမှာကြက်တူရွေးတစ်ကောင်၏နှုတ်သီးများနှင့်ဆင်တူသောနှုတ်သီးများရှိ၍ မျက်ဆံများမှာမူ ငှက်ဆိုးတစ်ကောင်နှင့်ဆင်တူသည်။ထိုငှက်ကြီး၏အတောင်ပံတစ်ချို့မှာ အနီရောင်ပိုးလွှာသားတွေကိုပိုင်ရှင်ဖြစ်သူကစည်းနှောင်ထားသောကြောင့် သစ်ရောင်မှိုင်းမှိုင်း၏ကိုယ်ထည်ပေါ်တွင်နီစွေးစွေးအရာတစ်ချို့ကလှပစွာပေါင်းစပ်လို့ထားသည်။
Dylanကသူ၏အတွင်းကုတ်ထဲမှအနက်ရောင်ကြိုးဖဲတစ်ခုကိုထုတ်ယူလိုက်ပြီးနောက် ထိုငှက်ကြီး၏ညာဘက်ခြေချောင်းတွင်စည်းနှောင်ပေးလိုက်ပြီးကောင်းကင်ယံထက်ဆီသို့ပြန်လွှတ်ပေးလိုက်ချေသည်။

HE= MY Mr. Devil (အကျွန်ုပ်၏နတ်ဆိုးသခင်)[Completed]Where stories live. Discover now