ep21- Devil Awakening (Zawgyi+ Unicode)

302 22 6
                                    

Unicode

ပင်လယ်ကွေ့ဘက်တွင်တော့ Cambrian သင်္ဘောကြီးဖြင့်ရွက်လွှင့်လာတဲ့ဆာဒင်းငါးဖမ်းမည့်တံငါသည်တစ်စုဟာ နေရာယူလို့ထားပြီးပင်လယ်ပြင်တစ်လျှောက်ပိုက်ကွန်အထပ်ထပ်ကို ကွန်ပစ်ထားကြသည်။သင်္ဘောကပ္ပတိန်ကတော့နှစ်ယောက်ရှိပြီးနှစ်ယောက်စလုံးဟာ တစ်စက္ကန့်လေးတောင်သဘောထားချင်းတိုက်ဆိုင်မှုမရှိသဖြင့် သင်္ဘောဦးဟာလိမ်ဖယ်လိမ်ဖယ်ဖြင့်ခုတ်မောင်းနေရရှာသည်။

"ငါးမိပြီဟေ့ !!!! "

သင်္ဘောကုန်းပက်ပေါ်ကထိုသို့အော်သံကိုကြားရသည့်အခါ သင်္ဘောဝမ်းဗိုက်အတွင်း၌အသေကောင်များကဲ့သို့အောင်းနေပါသော အနက်ရောင်ဝတ်စုံနဲ့လူသားတို့ဟာအပြေးအလွှားပြေးလာကြပြီး ပိုက်ကွန်ကိုသင်္ဘောပေါ်သို့ဆယ်တင်ကာ ငွေရောင်တဖျက်ဖျက်လက်နေပါတဲ့ဆာဒင်းငါးလေးများကို သင်္ဘောအပြည့်ဖြန့်ကျဲထားကြလေသည်။
ဆာဒင်းငါးရဲ့ကြေးခွံအရောင်ကသော်တာလဝန်းရဲ့ရောင်ခြည်အောက်တွင် အလှပဆုံးတောက်ပနေကာ ထိုလူသားတွေရဲ့မျက်ဝန်းတွေကလည်းဆာဒင်းငါးကင်ကိုအပီကြိတ်ကြရတော့မည်ဖြစ်သဖြင့်ဘလင်းဘလင်းထလို့နေလေသည်။

ထိုစဥ်တွင်တစ်ဦးဆံပင်ကိုတစ်ဦးဆောင့်ဆွဲထားပါသည့်အော်ကြောလန်နှစ်ယောက်မှာအချင်းချင်းဆဲရေးတိုင်းထွာရင်းကုန်းပက်ပေါ်သို့ထွက်လာကြလေသည်။

"ဒါငါ့ဟာ လို့ ငလူးကောင်ရ ! "

"အေးသိတယ် မင်းမို့လို့လုတာကွာ !"

"ဒီမင်းမေငါလူးကောင်ကတော့ !!!!! "

ဆာဒင်းငါးကိုကင်ဖို့ရာပြင်နေပါသောအုပ်စုကြီးသည်ဆူဆူညံညံအသံကြားရာဘက်ဆီသို့တစ်ချက်ကလေးသာလှည့်ကြည့်လာကြပြပြီးနောက်အသီးသီးပြန်လှည့်သွားကြတော့လေသည်။နောက်ကပြဿနာအိုး၂ကောင်အားဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မမှတ်ကြပေ။

"Soul !"

"ကျောက်ဖန်ကျစ် ! "

Cambrianသင်္ဘောကြီးရဲ့ကပ္ပတိန်နှစ်ယောက်ဖြစ်သူဖန်းလန်နဲ့ Ashဟူသောသကောင့်သားနှစ်ကောင်သည် တပည့်ကျော်နှစ်ယောက်ရဲ့ကက်ကက်လန်အသံတို့ကိုကြားခါမှရောက်ရာအရပ်ကနေကမမ်းကတန်းပြေးထွက်လာကြကာထိုရန်ပွဲကိုဖြန်ဖြေရတော့လေသည်။

HE= MY Mr. Devil (အကျွန်ုပ်၏နတ်ဆိုးသခင်)[Completed]Where stories live. Discover now