Ep33- ချစ်ရသူကိုမနာကျင်စေလို(Zawgyi+Unicode)

479 19 8
                                    

Unicode

[မင်းကကိုယ်ပိုင်ဆိုင်ဖို့မွေးဖွားလာတဲ့လူသားလေး ]

လရောင်ကအဖြူရောင်ခန်းစီးလိုက်ကာစရဲ့နောက်ကနေကျိုးတိုးကျဲတဲတိုးကာအခန်းထဲသို့မှိန်ပြပြအလင်းဖြင့်ဖြာကျနေကာ လင်းထွဋ်ရှိန်တစ်ယောက်ခုတင်ပေါ်၌အိပ်မပျော်နိုင်ဘဲလူးလိမ့်နေရလေသည်။

ခုတင်ဘေးကမီးအိမ်တင်ထားတဲ့ခုံပုလေးပေါ်ရှိသူ၏ဖုန်းအသစ်လေးကိုဖွင့်ကြည့်လိုက်တော့ ဖုန်း Screenရဲ့ညာဘက်ထောင့်လေးမှာဖော်ပြနေတဲ့အချိန်မှာည11နာရီ53မိနစ်ရှိပြီဖြစ်သည်။

ထိုစဥ်လေချွန်သံလေးက ပိတ်ထားတဲ့အခန်းတံခါးအနီးကနေအခန်းထဲသို့ပျံလွင့်လာခဲ့ကာသူ၏နားဖျားလေးထက်ဝင်ရောက်သက်ဆင်းလာတော့သူ၏နှလုံးသားမှာတဆစ်ဆစ်ကိုက်ခဲလာရပြန်လေသည်။

ထိုလေချွန်သံကသံစဥ်တစ်ခုကိုရည်ညွှန်းဖော်ပြနေပေမယ့် သူဘယ်လိုပဲစဥ်းစားစဥ်းစားထိုမူလသံစဥ်ကိုအစမဖော်နိုင်ဘဲခေါင်းသာကိုက်လာ၍ သူ၏နှလုံးသားကလည်းသည်းမခံနိုင်လောက်အောင်စူးအောင့်လာပါတဲ့နာကျင်မှုဝေဒနာဖြင့်သာအဆုံးသတ်သွားရစမြဲပင်။

နှိုင်းဟာသူ၏စိတ်တို့မတည်ငြိမ်နိုင်တော့တဲ့အချိန်တိုင်းလိုလိုမှာလေချွန်တတ်တဲ့အကျင့်ရှိသည်ကိုသူသိပေမယ့် ထိုလေချွန်သံကိုကြားတိုင်းနာကျင်ရတာမို့သူမကြိုက်ပေ။

အေးစက်သောကြမ်းပြင်ကိုခြေဗလာနဲ့နင်းလိုက်၍အခန်းတံခါးနားသို့ဖြေးညင်းဖွရွစွာလျှောက်သွားလိုက်ပြီးအခန်းတံခါးလေးကိုအနည်းငယ်မျှသာဟလိုက်ရင်းအပ်ကြောင်းလေးကြားကနေတဆင့်အခန်းပြင်ဘက်သို့ချောင်းကြည့်လိုက်လေသော် ကြမ်းပြင်ထက်သို့ထောက်ကန်ထားသောခြေ၂စုံကိုတွေ့လိုက်ရသည်။

နှိုင်းရဲ့ခြေဖျားထိပ်လေးတွေကဖျော့တော့ကာအအေးဒဏ်ကြောင့်နီရဲနေပြီး သူကအခန်းတံခါးဘေးကနံရံကိုကျောမှီထိုင်နေရင်းလေချွန်နေလေသည်။

ထောက်ထားသောဒူး၂ဖက်ပေါ်မှာလက်၂ဖက်ကို ထွေးပိုက်ယှက်တင်လို့ထားပြီးသူ၏မျက်နှာကိုတော့ထိုလက်၂ဖက်ပေါ်တွင်မှောက်ထားတာကြောင့်နှိုင်းရဲ့မျက်နှာအမူအရာမှာဘယ်၍ဘယ်ပုံဖြစ်နေသည်မှန်းလင်းထွဋ်ရှိန်တစ်ယောက်ဖတ်မရခဲ့ပေ။

HE= MY Mr. Devil (အကျွန်ုပ်၏နတ်ဆိုးသခင်)[Completed]Donde viven las historias. Descúbrelo ahora