Mini Extra 2

309 20 3
                                    

Unicode

လွန်ခဲ့တဲ့၉နှစ်ခန့်က ........

ယမန်နေ့ကမိုးကောင်းကင်ကြီးတစ်ခုလုံးဟာညှို့မှိုင်းအုံ့ဆိုင်းနေခဲ့လေသည်။ကောင်လေးတစ်ယောက်ကတော့သူ၏သခင်လေးဖြစ်တဲ့ မင်းခန့်ထည်နောက်၌ထပ်ကြပ်မကွာလိုက်လံစောင့်ရှောက်နေလျက်ရှိပေသည်။ ကဖေးဆိုင်တစ်ဆိုင်ရှေ့အရောက်တွင်တော့ဖွဲတဲဖွဲတဲနှင့်ရွာချလာပါတဲ့မိုးဝဿန်ကြောင့် မင်းခန့်ထည်ဟာစာအုပ်ဆိုင်လေးထဲကိုအမြန်ပြေးဝင်လိုက်ကာမိုးခိုလိုက်ပေမယ့် သူ၏နောက်၌တိတ်တဆိတ်လိုက်ပါလာသောကိုယ်ရံတော်လေးမှာတော့ သခင်လေးဖြစ်သူနောက်၌မိမိကပ်ပါလာသည်ကိုသိ၍အမျက်ရှမည်ဆိုးပါ၍ ကောင်ကလေးခမျာ ကဖေးဆိုင်ထဲမဝင်ရဲပဲ အဖြူရောင်သင်္ဘောဆေးသုတ်လိမ်းထားပါသောဆိုင်ရှေ့ရှိသစ်သားခုံတန်းလျားလေး၌ပေတီးပေကပ်ဖြင့်ထိုင်စောင့်နေလိုက်လေ၏။မိုးဝဿန်ကသည်းသည်ထက်သည်းလာကာတုံးအလွန်းသောကောင်လေးမှာမိုးရေထဲ၌လုံးဝကြွက်စုတ်လေးဖြစ်နေခဲ့ပေပြီ။ ကောင်ကလေးရဲ့ထိုပုံရိပ်ကိုတစ်ထောင့်တစ်နေရာ၌စောင့်ကြည့်နေပါသောအနီရောင်အရိပ်ကလေးတစ်ရိပ်ရှိနေခဲ့သည်။ထိုအရိပ်ကလေးရှိနေမှန်း မိုးရေထဲကကောင်လေးမှာတော့ဘယ်သောအခါမှသတိထားမိခဲ့ခြင်းမရှိပေ။

ထိုကောင်လေးရဲ့အဝတ်အစားတွေမိုးရေထဲမှာတစ်စထက်တစ်စနစ်မြုပ်လာခဲ့သည်ကိုမြင်တဲ့အခါ ထီးလက်ကိုင်ကိုဆုပ်ကိုင်ထားပါသောအနီရောင်အရိပ်လေးဟာ လက်ကိုင်ကိုပါချိုးပစ်တော့မတတ်တင်းကြပ်စွာဆုပ်ကိုင်မိထား၏။ သူ၏ခြေလှမ်းတွေကိုရှေ့ဆက်ပြီးတိုးပစ်လိုက်ချင်ပေမယ့် သူ့အားထိုကောင်လေးမြင်သွားမည်ကိုလဲသူမလိုလားပေ။ ရူးနှမ်းလှတဲ့အနီရောင်အရိပ်လေးဟာထိုကောင်လေးကိုအကျည်းတန်အေးစက်လှသောမိုးရေစက်တွေကြားကမကာကွယ်နိုင်တဲ့မိမိကိုယ်ကိုအပြစ်ပေးသည့်နှယ် သူ၏လက်ထဲကကြက်သွေးနီရောင်ထီးလေးကိုခေါက်ပိတ်ပစ်လိုက်ပြီးထိုကောင်လေးအတိုင်း မိုးရေထဲမှာဆက်လက်နစ်မြုပ်နေလိုက်တော့သည်။ မကြာမီပင်ဆိုင်ဝန်ထမ်းကောင်လေးက ဆိုင်ရှေ့ကလင်းထွဋ်ရှိန်ကိုဆိုင်ထဲ၌ဝင်ထိုင်ရန်ခေါ်ဆောင်သွားတော့လေ၏။

HE= MY Mr. Devil (အကျွန်ုပ်၏နတ်ဆိုးသခင်)[Completed]Where stories live. Discover now