ညို့.....Part19💙

612 47 4
                                    


ပေးထားတဲ့ ကတိအတိုင်း မုန်းချစ်​ရတဲ့က​လေး
ကို မုန့်​လိုက်​​ကျွေးဖို့ မုန်း အလှပြင်​လိုက်​သည်​။
အလှပြင်​တယ်​ဆို​ပေမဲ့ ထုံးစံအတိုင်းtoner
လေးနဲ့ foundation နည်းနည်း​လေးလိမ်း
ပီး မိတ်​ကပ်​ခပ်​ပါးပါး​လေးလိမ်းလိုက်​သည်​။

နှုတ်​ခမ်းနီတို့ eyeshadow တို့ ဘာညာ
ခြယ်​သ​ဖို့ မုန်းစိတ်​မဝင်​စားပါ။ ​မုန်းက သိပ်​မပြင်
ဆင်​တတ်​​တော့ မုန်းထက်​​ချောတဲ့သူ​တွေ့ရင်​ က​လေးထားခဲ့မှာ​တော့ ​ကြောက်​သား။

က​လေးက အသက်​ငယ်​ငယ်​​လေးပဲ ရှိ​သေးတာ
မလား?ပီး​တော့ သူ့အရွယ်​ကစိတ်​ကစားတတ်​တဲ့
အရွယ်​ဆို​တော့ မုန်းအပြင်​အခြားတ​ယောက်​ကို
စိတ်​ဝင်​စားသွားမှာကို မုန်းတကယ်​​ကြောက်​သည်​။

အ​တွေး​တွေကို ​ခေတ္တရပ်​လိုက်​ပြီး က​လေးဆီကို
စာပို့လိုက်​သည်​။

"က​လေးရယ်​ မ,ပြီးပြီ​နော်​ 💬"

က​လေးဆီစာပို့လိုက်​ပြီး ခဏကြာ​တော့

"💬ဟုတ်​ ချယ်​ ညို့လဲ လာ​နေပြီအခု ခဏ​နေ

ရောက်​​တော့မယ်​ကွာ💬"

"💬ဟုတ်​ 💬"

က​လေးအလာကို​စောင့်​​နေလိုက်​သည်​။

"💭က​လေးရယ်​...က​လေးကိုမ,ပိုင်​ဆိုင်​ချင်​ပြီ
က​လေးနဲ့အတူ​နေရဖို့ မ,ဘာလုပ်​ရမလဲကွာ💭"

တစ်​ကယ်​ပါ မုန်းချစ်​တဲ့က​လေးကို မုန်းပိုင်​ဆိုင်
ချင်​​နေပြီ။ မနက်​အိပ်​ရာထတာနဲ့ မုန်းချစ်​တဲ့
က​လေးရဲ့ မျက်​နှာ​လေးကိုကြည့်​ပြီး နိုးထချင်
တယ်​။ က​လေးရဲ့ အဝတ်​အစား​တွေကို ​လျှော်
ပေးချင်​တယ်​။ က​လေးအတွက်​ ကိုယ်​တိုင်​ချက်
ပြုတ်​​ပေးချင်​တယ်​။ ညအိပ်​ရာဝင်​ချိန်​တိုင်း က​လေးကို ရင်​ခွင်​ထဲမြုပ်​​နေ​အောင်​ဖက်​ပီးအိပ်​ချင်
တယ်​စသဖြင့်​.......

အရင်​ကလိုချင်​တပ်​မက်​မှု နည်းခဲ့သမျှ က​လေးနဲ့
ပတ်​သက်​ရင်​ မုန်း​လောဘကြီးပါရ​စေ​။ တကယ်
ပါ တစ်​ခါတစ်​​လေများဆို က​လေးထားခဲ့ရင်​​ရော့.
မညားခဲ့ရင်​​ရော့ဆိုတဲ့ အ​တွေး​တွေက မုန်းကို
အကြိမ်​ကြိမ်​သတ်​​နေသလိုပင်​။

👭ညို့...💞Where stories live. Discover now