ညို့.....💕part-23💕

739 55 4
                                    

အိမ်​ပြန်​​ရောက်​​တော့ ယွန်းဝသုန်​​ပြောတဲ့စကား
တွေကိုပဲနားထဲကြား​ယောင်​​နေမိ​တော့သည်​။

"အချစ်​အတွက်​တခါ​လောက်​ပဲ သတ္တိရှိလိုက်​စမ်း

ပါဆိုတာကို​ပေါ့ "

သေချာပြန်​စဉ်းစားကြည့်​ရင်​ သူမ,​ပြောတာလဲမှန်
သည်​မလား?ပြသနာကိုရင်​ဆိုင်​​ဖြေရှင်းဖို့ မကြိုး
စားပဲ မုန်းဆိုတဲ့ကျမ,ကအမြဲတမ်းထွက်​​ပြေး​နေခဲ့
တာ။

ယွန်းဝသုန်​နဲ့ ကိစ္စတုန်းကလဲ မုန်းပဲထွက်​​ပြေးခဲ့
တာ။ အဲ့ဒီအတွက်​ကိုယ့်​ကိုယ်​ကိုယ်​လဲအမြဲအပြစ်
တင်​​နေခဲ့မိတာ။

ငါသာ သတ္တိရှိခဲ့ရင်​ဆိုတဲ့စိတ်​နဲ့အမြဲ​တွေး​နေခဲ့တာ
အရာအားလုံးကကံဆိုးတာချည်းပဲမကြုံရသလို
ကံ​ကောင်းခြင်း​တွေချည်းပဲမကြုံရဘူး​မလား?

ယွန်းဝသုန်​နဲ့​ဝေးသွားခဲ့လို့ က​လေး​လေးနဲ့ဆုံ​တွေ့
ခွင့်​ရခဲ့တယ်​။ အဲ့ဒါက ကံ​ကောင်းခြင်းပဲမလား?
မုန်းအတွက်​​တော့ က​လေးနဲ့ဆုံရတာကံ​ကောင်း
လို့ပဲသတ်​မှတ်​ထားတယ်​။

ယွန်းဝသုန်​နဲ့တုန်းက မုန်း အတ္တ္တကြီးခဲ့သည်​။ဟမ်
ဟမ်​ မဟုတ်​ခဲ့ဘူး။မုန်း​ သူ့ဘဝ​လေး​ကောင်းစား
ဖို့အတွက်​ ​နောက်​ဆုတ်​​ပေးခဲ့တာဆိုရင်​ပိုမှန်​​လေ
မလား?

ယွန်းဝသုန်​မိဘ​တွေက မုန်းတို့ချစ်​သူ​တွေဖြစ်​​နေ
ကြတာသိသွား​တော့ ​ယောက်ျား​ပေးစားဖို့အတင်း
စီစဉ်​တာ​လေ။ အတိတ်​ကို​မေ့ထားခဲ့တာကြာပြီ
ဆို​ပေမဲ့ ဒီ​နေ့​တော့အတိတ်​ကိုပြန်​​တွေးကြည့်​ဖို့
လိုပြီမလား?

"ချို..ငါတို့အ​ကြောင်း​တွေကိုငါ့အိမ်​ကသိသွားပြီ

ဟ အ​မေက​ယောက်ျား​ပေးစားဖို့​တောင်​စီစဉ်​​နေပြီ

အခု​တောင်​အိမ်​ထဲက​ပေးမထွက်​​တော့ဘူး ငါတို့

ဘယ်​လိုလုပ်​ကြမလဲချို တခုခုကြံပါအူးဟာ"

သူမ,ကဖုန်းဆက်​​ပြောလာခြင်းပင်​​လေ။ အဲ့တုန်း
က မုန်းတို့​တွေ​ကျောင်းပြီးခါစ​ပေါ့။ ဘွဲ့​တောင်
မယူရ​သေးတဲ့အချိန်​။ ဘာမှ​လေး​လေးနက်​နက်
မ​တွေးခဲ့။ ထို့​ကြောင့်​ပင်

👭ညို့...💞Where stories live. Discover now