ညို့...💞Part-16

817 57 6
                                    


ညို့ကိုအိမ်​​ရောက်​သည်​အထိ လိုက်​ပို့​ပေးရင်း
အပြန်​တွင်​......

"Duuu..duuu...📲📲"

ဖုန်းဝင်​လာ​တော့ contactnameက
တီ​လေး ဖြစ်​​နေ​တော့

"Hello တီ​လေး "

"မုန်း အခု အိမ်​မှာလား? အိမ်​မှာ​တော့မဟုတ်
လောက်​ဘူးမလား? "

"ဟုတ် တီ​လေး မုန်းခုလမ်းမှာပါ"

"ဘယ်​သွားတာလဲ?ဆိုလိုတာက ဘယ်​ကပြန်
လာတာလဲ?မုန်း"

"ညို့ကိုလိုက်​ပို့တာပါ တီ​လေး"

"ညို့ကဘယ်​သူလဲ?"

"​အော်​....ညို​သွေးသစ် ကို​ပြောတာပါတီ​လေး"

"အိမ်​ကိုခဏဝင်​ခဲ့ပါလား?မုန်း "

"ဟုတ်​ တီ​လေး "

"အာ့ဆို ဖုန်းချလိုက်​ပီ"

"ဟုတ်​ "

"💭တီ​လေး တခုခုကိုစိတ်​ဆိုး​နေသလိုပဲ
သူစိတ်​ဆိုးရ​အောင်​လဲငါဘာမှမလုပ်​ထားမိပါ
ဘူး ဘာပဲဖြစ်​ဖြစ်​ ​ခေါ်​တော့လဲသွားရတာ​ပေါ့
လေ 💭"

တီ​လေး အိမ်​ကို​ရောက်​​တော့ ဧည့်​ခန်းမှာ
တီ​လေးက ထိုင်​​စောင့်​​နေ​တော့သည်​။ မုန်း ဆို

ဖာ​ပေါ်ထိုင်​လိုက်​​တော့ မုန်းအား ဓာတ်​ပုံတပုံ
လာကမ်းသည်​။ အဲ့ဒီဓာတ်​ပုံက​တော့ မုန်းတို့မိ

သားစုဓာတ်​ပုံပင်​ဖြစ်​၏။

"မုန်းကို တီ​လေး ပြုစုပျိုး​ထောင်​ခဲ့တာ မုန်း

အသက်​၅နှစ်​ကတည်းက​နော်​မုန်း "

"ဟုတ်​ တီ​လေး "

"သမီးကိုတီ​လေးတစ်​​ယောက်​တည်း ပြုစုလာခဲ့

တာ သမီးမိဘ​တွေရဲ့ စည်းစိမ်​ဥစ္စာ​တွေကို

မက်​​မောလို့မဟုတ်​ဘူးဆိုတာ သမီးသိမှာပါ "

"ဟုတ်​ "

"တီ​လေး ဘဝတစ်​​လျှောက်​ မုန်းတို့​တွေမျက်​နှာ

ငယ်​ရမဲ့အလုပ်​မျိုး တခါမှမလုပ်​ခဲ့ဘူး​နော်​မုန်း"

👭ညို့...💞Where stories live. Discover now