👭💞ညို့..... (Part-1)

5.3K 104 5
                                    


"  အတန်းလစ်​ရ​အောင်​ဟာ ​နေဝန်း "

" လုပ်​ပြန်​ပြီလား? အ​သွေ့းရာ...."

နေဝန်းရီက စိတ်​မရှည်​စွာနဲ့ ​ပြောလာ​တော့

"ဘာလဲ? နင်​မလိုက်​ဘူးလား? မလိုက်​ရင်​ ကျန်
ခဲ့​ပေါ့ အတင်းဆွဲမ​ခေါ်ပါဘူး ငါ​တော့အတန်း
မတက်​နိုင်​ဘူး​နှော်​ စံပယ်​နင်​​ရော့ လိုက်​မလား?

နေခဲ့မလား? "

"ငါကနင့်​ကို ဘယ်​တုန်းကဆန့်​ကျင်​ဖူးလို့လဲ?

အသွေးမ"

"Ok​လေ ဒါနဲ့ မြတ်​နိုးနင်​​ရော့ ကျန်​ခဲ့မလား?
လိုက်​မလား?"

"လိုက်​မှာ​ပေါ့ဟ "

"  ဒါဆိုငါတို့သွားပြီ​နှော်​ ​နေဝန်း ​ငါတို့ကိုရှင်းပြ
နိုင်​​အောင်​ သင်​ခဲ့​နှော်​ ဖိုက်​တင်း သူငယ်​ချင်း"

ညို​သွေးသစ်​တို့ friတစုထွက်​သွားမယ်​ပြင်
တော့ ​နေဝန်းရီ အိတ်​ကိုလိုက်​ဆွဲရင်း

"နင်​က​လေ တကယ်​မုန်းဖို့​ကောင်းတယ်​သိလား
အ​သွေး  ငါက မလိုက်​ဘူး​ပြောလို့လား?"

"မသိဘူး​လေ နင်​ဆိုလိုတာ အဲ့သ​ဘောပဲမဟုတ်
လား? "

"အဲ့သ​ဘော​တော့ အဲ့သ​ဘောပဲ ဒါမဲ့ နင်​တို့
အတန်းမတက်​ပဲ ငါတ​ယောက်​တည်းတက်​ရမှာ
ပျင်းတယ်​"

"အ​ဖော်​​တွေအများကြီးရှိ​နေတာကို "

"ကဲ...ကဲ ​တော်​ကြပါ​တော့ဟာ ခဏ​နေရင်
တီချယ်​ လာ​တော့မယ်​ နင်​တို့စကားစစ်​ထိုး​နေ
တာနဲ့ပဲ အတန်းမလစ်​ရပဲ​နေအူးမယ်​"

အတန်းမလစ်​ပဲ​နေရမှာ ​ကြောက်​ရှာတဲ့ မြတ်​နိုး
ရဲ့စကား​ကြောင့်

"အာ့ဆိုလဲ လစ်​ရ​အောင်​ "

အတိုင်​အ​ဖောက်​ညီသလား?မ​မေးနဲ့ ။ ၁,၂,၃
ဆိုတာနက်​ အတန်းပြင်​အကုန်​​ရောက်​ပီးသားပဲ။

" ဟဲ့...ဟဲ့ အဲ့ဘက်​ကမသွားနဲ့​လေ ​နေဝန်းရီ

တီချယ်​ကြီးမြင်​မှ လိုက်​​ခေါ်​နေအူးမယ်​"

နေဝန်းရီရဲ့ ​ကျောပိုးအိတ်​ကိုအတင်းဆွဲကာ
တားရ​တော့သည်​။ တီချယ်​ကြီးကို​တော့ အ​တော့်
ကို​ကြောက်​သည်​မလား?။

👭ညို့...💞Where stories live. Discover now