ညို့...💕part-21💕

578 40 18
                                    


မနက်​မိုးလင်း​တာနဲ့ ဖုန်းကို​​ကောက်​ကိုင်​ပြီး
လိုင်းဖွင့်​ကြည့်​​တော့ Saiဆိုတဲ့အ​ကောင့်
Deleteလုပ်​သွားပါပြီ။

"ဟူးးးးးးးးးး"

သက်​ပြင်းရှည်​ကြီးတစ်​ချက်​မှုတ်​ထုတ်​ရင်းအိပ်​ရာ
ပေါ်ကထလိုက်​သည်​။ ​ကျောင်းသွားဖို့ပြင်​ရအုံး
မည်​။ ​မျက်​နှာသစ်​ရန်​ထွက်​အလာ Duu..duu ဖုန်းလာသံ​ကြောင့်​ မုန်း​ကြောက်​​နေမိ
သည်​။

ချယ်​ရီ့ဆီကများလား?ဘာ​တွေ​ပြောအုံးမလဲ?
စသဖြင့်​အ​တွေးထဲဝင်​လာသည်​​လေ။
Contact nameက ​💙Maung💙
ဆိုတဲ့ နာမည်​​လေး​ကြောင့်​ စိတ်​​အေးသွားရသည်
သို့​ပေမဲ့ ချက်​ချင်းဆိုသလို

"​မောင်​ မ​နေ့ကအ​ကြောင်း​တွေများသိသွားပြီး
လမ်းခွဲဖို့​ပြော​လေမလား?"

ဆိုပြီး အ​တွေးထဲဝင်​လာသည်​။ စိတ်​ကို​လျှော့
လိုက်​ပြီး

"ဟလို ​မောင်​ "

"မ မနိုး​သေးဘူးလား"

မောင့်​အသံကတက်​ကြွ​နေသည်​။ မုန်းထင်​ထား
သလိုဖြစ်​လာမှာမဟုတ်​​လောက်​ပါဘူး​လေ။

"နိုးပြီ​မောင်​ရဲ့ ​မောင်​​ကောနိုးပြီလားဟင်​"

"နိုးတာကြာ​ရော့​ပေါ့မရဲ့ လမ်း​လျှောက်​​နေတာခု

"ကျားသားမိုးကြိုးပါလား​နော်​ "

"ဟာ မကလဲ ညို့အ​စောကြီးနိုးတဲ့အခါလဲရှိပါ
တယ်​ "

"ထားပါ​တော့​လေ လမ်းကဘာလို့​လျှောက်​တာ"

"ခုတ​လော ဗိုက်​​ခေါက်​​တွေထွက်​လာသလိုခံစား
ရလို့ "

"ဟားးဟားးးး"

မုန်းအားရပါးရရီလိုက်​​တော့

"ဘာလား?လူကို​လှောင်​တယ်​​ပေါ့ အနားမှာရှိလို့

က​တော့ ​အသား​တွေပဲ့ပါသွား​အောင်​ကိုက်​ပြိုက်

မှာ "

"​ကြောက်​လိုက်​တာရှင်​ ကျမ,ကလူကိုချစ်​သူ

တော်​ထားရတာလားလို့ လက်​စသတ်​​တော့ ပါပီ

လေးကိုချစ်​သူ​တော်​ထားရတာကို "

👭ညို့...💞Where stories live. Discover now