2

1.5K 249 84
                                    

Zawgyi

ဘဝမှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ အိမ်မက်ပင် မမက်ဖူးခဲ့။ အဖြစ်အပျက်တွေက မြန်ဆန်လိုက်လေခြင်း။

သူက သေသွားတယ်။ ပြီးတော့ ပြန်မွေးဖွားလာတယ်။

ပြန်မွေးဖွားလာပြီး သူအခုရောက်နေတာက သူများ ခန္ဓာကိုယ် ၊ သူများ နေရာဒေသ ။ အရာ အားလုံးက ကိုယ်နဲ့ စိမ်းသက်နေတာပင်။

ကျန့်ကျန့် အရင်ဘဝက သေရတာဟာ အုန်းပင်ပေါ်က ပြုတ်ကျလာတဲ့ အုန်းသီးက ခေါင်းပေါ် တည့်တည့်ကျပြီး သေသွားရတာပင်။

ပြီးတော့ ကလေးပေါက်စလေးတွေလို မမွေးဖွားလာဘဲ ချက်ချင်း ရှောင်းကျန့်ကြီး အဖြစ်မွေးဖွားလာသည်။

ဆိုးသည်မှာ ကျန့်ကျန့် က  ဖူနန်မြို့ရဲ့ အမတ်မင်း ဖြစ်တဲ့ ဝမ်ရီကျွင်းရဲ့သား ဝမ်သခင်လေး ဝမ်ရီပေါ် နဲ့ လက်ဆက်ရန် ရောက်နေပါတဲ့ ယွင်မုန်မြို့က ကောင်လေးတစ်ယောက် ပါတဲ့။

အစေခံ လီချောင် နဲ့ လီဖန်း ပြောပြတာ ကြားရသလောက်ဆို အရင်ရှောင်းကျန့်က တော်တော်ဆိုးဝါးပြီး မောက်မာပုံပင်။

ဝမ်သခင်မ ရွဲ့ဖေး အပါအဝင် အစေခံတွေ အကုန်လုံးနဲ့လဲ တည့်ပုံမရ။

အနားမှာ ရှိနေသည့် လီချောင် နဲ့ လီဖန်း ကိုလဲ အမြဲရိုက်နှက်တတ်ပါသည်တဲ့ ။ မျက်နှာထားကြီးကလဲ တင်းမာပြီး ကြောက်စရာကောင်းပါသည်တဲ့။

ကြားရသမျှ ကောင်းတာ ဘာမှမရှိ။

အသက်ကြီးကြီး ငယ်ငယ် မလေးမစား ဆက်ဆံတတ်ပါသည်တဲ့။

အရင် ရှောင်းကျန့် သေသွားရသည့် အကြောင်းကတော့ ဝမ်သခင်လေး သဘောကျနေသူကို စုန်းအတတ်ဖြင့် သတ်ရန်ကြံစည်ရာ ကိုယ့်အတတ်က ကိုယ့်ထံသာ ပြန်ကျရောက်၍ သေခဲ့ရခြင်း ဖြစ်သည်။

ထိုကိစ္စကို အကုန်လုံး သိသွားကြ၍ ခင်မို့မို့အေးလိုမျက်နှာထားနဲ့ အရင် ရှောင်းကျန့် ကို အကုန်လုံးက မုန်းတီးနေကြသည်ပင် ဖြစ်သည်။

အရင်ရှောင်းကျန့်က ဝမ်သခင်လေးကို အရမ်းကြိုက်ပါသည်တဲ့။

ဝတ်ကောင်းစားလှတွေဝတ်ကာ ယက်တောင်လေး တဖြတ်ဖြတ်ခတ်ရင်း ဝမ်သခင်လေး မျက်စိရှေ့မှာ သွားသွားပြီး ကိုယ်ယောင်ပြပါသည်တဲ့လေ။

𝗟𝗢𝗩𝗘 𝗜𝗧Where stories live. Discover now