5

1K 141 37
                                    

Unicode

" ကဲ ကဲ ကျောက်မိန်းလေးကို ရီပေါ်က အိမ်တော်ကို ပတ်ပြလိုက်ပါအုံး ကွယ် "

အခြေနေကို ရိပ်စားမိသည့် ဘဘကြီးက ဝင်ပြောလာသောအခါမှ ရှောင်းကျန့် မှာ အသက်ရှူချောင်ရ၏။

ဒီနေရာက သူအမြန်ဆုံး ထွက်သွားချင်နေတာ။

ဝမ်ရီပေါ် နဲ့ ကျော်မိန်းမိန်က လူကြီးတွေကို အရိုအသေပေးကာ ထွက်သွားကြ၏။

" ရှောင်းကျန့် ရော လိုက်သွားလေ "

ဘဘကြီးက ရှောင်းကျန့် ကို ဂရုဏာသက်ဖွယ်ပြုံးပြလာတော့ ရှောင်းကျန့် အလိုလိုဝမ်းနည်းလာရ၏။

" ဟုတ် "

" သွား...သွား "

ရှောင်းကျန့် လဲ လူကြီးတွေကို ခေါင်းငုံ့အရိုအသေပြုကာ ထွက်လာလိုက်၏။

--------

သူ့ရှေ့က လျှောက်နေကြသည့် ဝမ်သခင်လေး နဲ့ ကျောက်မိန်းကလေးက တကယ်ပင် လိုက်ဖက်လွန်းပါရဲ့။

အမတ်ချုပ် ဝမ်ရဲ့ သား နဲ့ ဘဏ္ဍာရေးမှူး ကျောက်ရဲ့ သမီးဆိုမှတော့ နေနဲ့လ ရွှေနဲ့မြဘဲပေါ့။

ဒါဆို သူကရော! သူက ယွင်မုန်ကနေ ဝမ်ရီပေါ် နဲ့ လက်ဆက်ဖို့ ရောက်နေတဲ့သူလေ။

အိုက်ယား...ဒါဘယ်လိုအခြေနေမျိုးပါလိမ့်။

သူက ခင်မို့မို့အေး လို မျက်နှာကြီးမဲ့ပြီး ဒါ.. ငါယူမဲ့ ယောကျာ်း နင် လာမရှုပ်နဲ့ဆိုပြီး ဗီလိန်လုပ်လိုက်ရမှာလား။

ဒါမှမဟုတ် မြိုင့်လိုမျိုး ငွေထုပ်ကြီးနဲ့ပေါက်ပြီး ဒါငါ့ ယောကျာ်းဖြစ်လာမဲ့သူ နင်ဒီငွေတွေကို ယူပြီး လစ် လစ်တော့ လို့ ပြောလိုက်ရမှာလား။

ဒါပေမဲ့ လဲ သူ့လို သူများအိမ်တော်မှာ ကပ်နေရသူက ဘယ်လိုလုပ်ပြီး ဘဏ္ဍာရေးမှူးရဲ့ သမီးကို ငွေထုတ်နဲ့ ပေါက်လို့ရနိုင်မှာတဲ့လဲ။

ရှောင်းကျန့် က တောင်တွေးမြောက်တွေးနဲ့ သူ့မျက်နှာသေးသေးလေးကို မဲ့လိုက် နှုတ်ခမ်းလေးယွဲ့လိုက် မျက်မှောင်လေးကြုံ့လိုက် လုပ်နေ၏။

" အဲ့တာက ဘာဖြစ်နေတာလဲ "

ဝမ်ရီပေါ် ရဲ့ အသံကြားမှ သတိဝင်လာသူက ရှေ့ကို အကြည့်ပို့မိတော့ ဝမ်ရီပေါ်က စူးရဲစွာကြည့်နေ၏။

You've reached the end of published parts.

⏰ Last updated: Oct 17, 2021 ⏰

Add this story to your Library to get notified about new parts!

𝗟𝗢𝗩𝗘 𝗜𝗧Where stories live. Discover now