4

735 119 28
                                    

Unicode

ဝမ်ရီပေါ် နောက်ကနေ ရှောင်းကျန့် ရယ် လီချောင် နဲ့ လီဖန်းရယ် ဝမ်ရီပေါ် ရဲ့ လက်ရုံးနှစ်ယောက်ရယ်က တကုတ်ကုတ်နဲ့ လိုက်ကြရ၏။

ဝတ်ရုံနီကိုဆင်မြန်းကာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရှေ့ကနေသွားနေသည့် ဝမ်ရီပေါ်ဟာ နောက်ကျောလေးက အစ ခန့်ညားနေခြင်းပင် ဖြစ်သည်။

ကျန့်ကျန့် ဝမ်ရီပေါ် ၏ ကျောပြင်ကို ခဏတာ ငေးမိ၏။

အရင် ရှောင်းကျန့် သဘောကျမည်ဆိုလဲ သဘောကျစရာပင်။

ဒီလူသားက ပြည့်စုံလွန်းပါဘိ။

-------

အပြင်မှာမြင်တွေ့ရသမျှက သူမမြင်ဖူးသည့် အရာတွေပင်။

ယောကျာ်း မိန်းမ အကုန်လုံး ဝတ်ရုံကြီးတကားကားနဲ့ ။ သူတကယ်ကြီး အရင်ခေတ်ကို ရောက်နေတာဘဲ။

တစ်နေရာအရောက် ဝမ်ရီပေါ် အနားသို့ မျက်နှာချေများ လိမ်းခြယ်ထားသည့် မိန်းမလှလေး နှစ်ယောက်က ရောက်ချလာ၏။

" သခင်လေးရှင်.... ဂေဟာကို လာတာလားရှင် "

ပန်းခရမ်းရောင် ဝတ်ရုံလေးဝတ်ဆင်ထားသည့် မိန်းမလှလေး က ဝမ်ရီပေါ် အနားသို့ကပ်ကာ ချွဲနွဲ့စွာ ပြောတော့ ဘေးနားက အဝါနုရောင် ဝတ်ရုံလေးဝတ်ကာ တရုတ်ယပ်တောင်လေး ကိုင်ထားသည့် မိန်းမလှလေးက ပါးစပ်လေးပိတ်ကာ ခိုးခိုးခိခိ ရယ်၏။

ပြီးလျှင်...

" ပန်းကလေးများ ဂေဟာမှာ မရတာမရှိပါဘူး သခင်လေးရှင့် အကုန်စိတ်တိုင်းကျစေရပါမယ်"

ထိုမိန်းကလေးများက ကြွယ်ဝပုံပေါ်သည့် ဝမ်သခင်လေးကို ဂေဟာထဲသို့ အင်မတန်လာစေချင်ပုံပင်။

ရှောင်းကျန့် အပေါ်ကိုမော့ကြည့်တော့ အဝင်ဝအပေါ်မှာ နာမည်ရေးထား၏။

' ပန်းကလေးများ ဂေဟာ ' ဆိုပြီး ။

သို့ပေမဲ့ ဘေးနားက မလုံမခြုံဝတ်ရုံနဲ့ ရင်သားတွေ ပေါင်တံတွေ ပေါ်နေသည့် ပုံကိုမြင်မှသာ
ဒါကဘာကြီးလဲ ဆိုတာ သဘောပေါက်သွားရ၏။

အိုး....ဒါက တရုတ်နန်းတွင်းကားတွေမှာ ပါတဲ့ ဆောင်ကြမြိုင် ကြီးပါလား ။

𝗟𝗢𝗩𝗘 𝗜𝗧Where stories live. Discover now