3

750 134 24
                                    

Unicode

' တောင်းပန်ပါတယ် တဲ့ '

မှန်မှန်မှားမှား မဟုတ်ဘူး အမြဲတမ်း သူဘဲ အမှားလုပ်နေပေမဲ့ တစ်ခါမှတောင် မတောင်းပန်ဖူးတဲ့ အပြင် ပြန်ပြီးပြသာနာ ရှာတတ်သည့် ရှောင်းကျန့် က အခုတော့ တောင်းပန်ပါတယ် တဲ့လား။

ရီပေါ်က ရှောင်းကျန့် ကို မျက်လုံးမှေးကာ ကြည့်တော့ ရှောင်းကျန့် ကလဲ စူပုတ်ကာ ပြန်ကြည့်သည်။

တယ်...သည်အကြည့်ကဘာလဲ ။ သူ့ကို အားမနာသည်လား။

ဒီကောင်လေးဟာ ပြန်ပြီးသတိရလာ ကတည်းက အပြုအမှုတွေဟာ သိပ်ကို ထူးဆန်းနေသည်။

သူ့အရင်စိတ်မျိုးနဲ့သာဆို ဒီနေရာမှာတင် ပွဲတစ်ပွဲတော့ ဖြစ်ပြီးပြီ။

အခုတော့ တောင်းပန်ပါတယ် လို့တောင် ပြောလိုက်သေးသည်။

ဝမ်ရီပေါ် ဟာ ရှောင်းကျန့် ကို ကြည့်ကာ စိတ်ရှုပ်ထွေးရ၏။

သို့ပေမဲ့ ရှောင်းကျန့် ဟာ သူ့အပြစ်တွေကို ဖုံးဖိနိုင်ဖို့အတွက် ရူးချင်ယောင် ဆောင်နေသည်ဟုသာ စိတ်ထဲတည်းထားလိုက်သည်။

----------

" ပျင်းဖို့ကောင်းလိုက်တာနော် ဘယ်မှလဲ မသွားရဘူး "

ရှောင်းကျန့် က ပျင်းရိပျင်းတွဲနှင့် အိပ်ယာပေါ် ကြောင်ပျင်းလေးလို ခွေနေသည်။

ထိုစဥ် သူ့အနားသို့ လီချောင် နဲ့ လီဖန်းက တိုးကပ်လာကာ...

" အကိုလေး... အစ်ကိုလေး အပြင်သွားချင်ရင် ကိုယ့်အိမ်ထောင်ဘက်ဆီမှာ ခွင့်တောင်းပြီး သွားလို့ ရပါတယ်"

ထိုစကားကို ကြားသည်နှင့် ရှောင်းကျန့် က အိပ်ယာထဲကနေ ဝုန်းခနဲ ထလိုက်သည်။

အိမ်ထောင်ဘက် ဘယ်ကအိမ်ထောင်ဘက်လဲ သူ့မှာ ယင်မတောင် မသန်းဘူးသေးတဲ့ လူပျို နုနုထွတ်ထွတ်ကလေးဘဲ ရှိသေးတာကို။

ဘယ်သူက သူ့အိမ်ထောင်ဘက်လဲ။

" ဒီနေရာ ကြီးမှာ ဘယ်သူက ကျနော့် အိမ်ထောင်ဘက်လဲ "

" အစ်ကိုလေး...!! ...အစ်ကိုလေး အတိတ်မေ့သွားတာလား မေ့ချင်ယောင် ဆောင်နေတာလား ဝမ်သခင်လေးက အစ်ကိုလေးရဲ့ အိမ်ထောင်ဘက်လေ အစ်ကိုလေးတောင် ကြိုက်လွန်းလို့ အရင်ဆို နေ့တိုင်း ဝမ်သခင်လေးရဲ့ စာကြည့်ဆောင်ဘက်ကို နေ့တိုင်းသွားတာလေ "

𝗟𝗢𝗩𝗘 𝗜𝗧Where stories live. Discover now