💚1💚

3.2K 274 15
                                    

Unicode
Phoenix's lover

                     💚1💚

        တောအစပ်က ရွာကလေးတစ်ရွာတွင်။

"ရိုက်..... သူ့ကိုရိုက်....."

"ရိုက်......"

        ၆နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ၇နှစ် ၈နှစ်အရွယ် ကလေးငါးယောက်က ဝိုင်း၍အနိုင်ကျင့်နေကြခြင်းပင်။ အကြောင်းကတော့ အနိုင်ကျင့်ခံရသော ကလေးလေးက နောက်ထပ်ကလေးတစ်ယောက်ကို 'မင်းနောက်အပတ်သေရတော့မယ်' ဟူသောစကားကို ပြောလိုက်တာကြောင့် ကလေးတစ်အုပ်ကို သူ့ကိုဝိုင်း ရိုက်နေကြခြင်းပင်။

       မြက်ခင်းပြင်တစ်ခုပေါ်တွင် ကလေးငါးယောက်သည် ကွေးကွေးကလေး လှဲနေတဲ့ ပေတိပေစုတ်ကလေးတစ်ယောက်ကို ခြေထောက်တွေဖြင့် အားရပါးရ ဝိုင်းကန်နေကြ၏။ သူတို့အားလုံး ရွာထဲက ကလေးတွေပဲဖြစ်သည်။

"ရပ်စမ်း....."

'ဝွီ.....'

       လေပွေတစ်ခုက ထိုကလေးငါးယောက်ကို ရိုက်ထုတ်ပစ်၏။

"အား........"

"အား......."

       ကလေးငါးယောက် မြက်ခင်းပြင်ပေါ်တွင် နာနာကျင်ကျင် လဲကျကုန်လေသည်။ သူတို့သည်ချက်ချင်းထ၍ ဘေးဘက်ကိုကြည့်သော်လည်း ဘယ်သူမှမရှိ။ သူတို့ရိုက်ထားတဲ့သူကလည်း မြက်ခင်းပြင်ပေါ်မှာ ကွေးကွေးကလေး လဲနေ၏။

       အသံပိုင်ရှင်လည်းမရှိဘဲ လေပွေကသာ သူတို့ကိုရိုက်ထုတ်လိုက်ကြောင်းကို သိလိုက်ရတဲ့ ကလေးတစ်အုပ်သည် ချက်ချင်းထကာ ရွာကလေးထဲသို့ ပြေးဝင်သွားပါတော့သည်။ ထိုအခါမှ ကလေးလေးက ငုတ်တုတ်ထထိုင်လာသည်။

       သူမော့ကြည့်လိုက်စဥ် ချောမောသော လူတစ်ယောက်ကသူ့ရှေ့ကိုထိုင်ချလာ၍ သူ့ကိုရင်ခွင်ထဲ ထည့်ဖက်ထား၏။

"တောင်းပန်ပါတယ် ရိပေါ်... ကောနောက်ကျသွားတယ်"
"ကိုကိုက ဘယ်သူလဲ"

"အာ.... ဟုတ်သားပဲ မင်းမှကောကို မမှတ်မိသေးတာ "

       ရှောင်ကျန့်သည် ဝမ်ရိပေါ်သေးသေးလေး၏ ခန္ဓာကိုယ်က အမှိုက်များကိုဖယ်ရှားပေးပြီး

Phoenix's lover (arc 3) Complete Where stories live. Discover now