💚17💚

1.6K 232 18
                                    

Unicode
Phoenix's lover

                      💚17💚

       ရှောင်ကျန့် ကားပေါ်ကဆင်းတော့ သူလည်းလိုက်ဆင်းလိုက်သည်။

"ဒါက......."

       သူဆွံအသွားလေပြီ။ ရှောင်ကျန့်က ဝမ်ရိပေါ်အတိတ်ကို သတိရလာဖို့အတွက် သူတို့နှစ်ယောက် အတူသွားခဲ့ဖူးတဲ့ နေရာတွေကို ခေါ်သွားလိမ့်မယ်လို့ ထင်ထားသော်လည်း ရှောင်ကျန့်ခေါ်လာတဲ့ နေရာက တခြားမဟုတ်ဘဲ ချန်အိမ်တော်ဖြစ်နေသည်။

       ရှောင်ကျန့်သည် ကားတံခါးကိုပိတ်၍ သူ့အနားကို လျှောက်လာပြီး သူ့လက်ကိုတင်းတင်းကျပ်ကျပ် ဖမ်းဆွဲလာသည်။

"ကျန့်ကော ဘာဖြစ်လို့လဲ "
"လာပါ"

       ရှောင်ကျန့်မျက်ဝန်းများက အနည်းငယ် စိုစွတ်နေသည်မှာ သူစိတ်ထင်လို့မဟုတ်ပါ။ မျက်သားများပင် ရဲနေချေပြီ။ ဘာဖြစ်တာလဲ စိတ်ပူပြီး မေးချင်ပေမယ့် ရှောင်ကျန့်က ချန်အိမ်တော်တံခါးကြီးကို ဝုန်းခနဲကန်၍ ဖွင့်ချပစ်တော့သည်။

"ကျန့်ကော မလုပ်"

       သူတားချိန်တောင် မရလိုက်ဘဲ သံတံခါးနှစ်ချပ်လုံးသည် ရှောင်ကျန့်၏ကန်အားကြောင့် ပြုတ်ထွက်ကာ တစ်လံလောက်အထိ လွင့်သွားလေပြီ။ ရှောင်ကျန့်သည် သူ့ကိုတစ်နေရာခေါ်သွားမည်ဟု ဆိုပြီး ပြန်ကွေ့ကာ ချန်အိမ်တော်ကို ခေါ်လာခဲ့သည်။ သူတို့ပထမဆုံး သွားတဲ့လမ်းက ချန်အိမ်တော်ကို ရောက်ဖို့နေနေသာသာ ဆန့်ကျင့်ကြီးဘက်ကြီးပင်။

        တံခါးနှစ်ချပ် ဖျက်စီးခံလိုက်ရသော် အိမ်ကြီးကို စောင့်ကြပ်နေသော သေနတ်သမားအားလုံး ဝန်းရံလာတော့သည်။ ရှောင်ကျန့်က သူတို့ကိုတစ်ချက်သာ စူးစိုက်ကြည့်လိုက်သည်။ သူတို့ကိုင်ထားသော သေနတ်များ တဖြောင်းဖြောင်းနဲ့ ကျိုးကြေကုန်သည်။

       အားလီ မျက်လုံးပြူးသွားလေပြီ။ ရှောင်ကျန့်က သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့အကြောင်း ချန်ယွဲ့ဆီက ကြားထားပေမယ့် ဒီလောက်ထိ အစွမ်းထက်မယ်လို့တော့ မထင်ထားဘူးလေ။ ရှောင်ကျန့်က ထပ်မံလက်လွှဲလိုက်သော် ပြေးချလာသူများအားလုံး အဖြူရောင်မီးတောက်များ ဖုံးလွှမ်းသွားသည်။

Phoenix's lover (arc 3) Complete Where stories live. Discover now