💚15💚

1.6K 216 23
                                    

Unicode
Phoenix's lover

                     💚15💚

        ချန်ယွဲ့ ပြန်သွားပြီး သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ ရှောင်ကျန့်နဲ့ဝမ်ရိပေါ် သူ့ဆီကိုရောက်လာသည်။ နှစ်ယောက်သား လက်တွဲဝင်လာတာကို မြင်သောအခါ နာကျင်ပေမယ့်လည်း ပြုံးထားလိုက်ပါသည်။

"ကိုကို လာပြီလား"
"မနက်စာစားပြီးပြီလား အစ်ကိုမနက်စာဝယ်လာပေးတယ်"

"ဟုတ်ကဲ့.... ကျေးဇူးတင်ပါတယ် "

       အသံက တကယ်ကို တိုးရှရှလေး။ ဝမ်ရိပေါ်ကသူ့ကိုလာမနှုတ်ဆက်ပါ။ ဆိုဖာတစ်ခုပေါ်တွင်သာ သွားထိုင်၍ ဂိမ်းထိုင်ဆော့နေလေသည်။ ရှောင်ကျန့်က အားလီ၏ခုတင်ဘေးကခုံတွင် နေရာယူသည်။

"တစ်ယောက်ယောက် လာသွားသေးတာလား"
"ဟုတ်.... အလုပ်ကအစ်ကိုတစ်ယောက် လာတွေ့သွားတာပါ"

"အော်.... ဒါနဲ့ ငါတို့အလှူရှင်တွေ့ပြီ"

      အားလီ၏မျက်လုံးတွေ စိန်ပွင့်သဖွယ် ဝင်းလတ်သွား၏။ အလှူရှင်တွေ့ပြီဆိုရင် သူအသက်ရှင်နိုင်တော့မည်လေ။ သို့သော် ရှောင်ကျန့်ကဝမ်ရိပေါ်ကိုသာ စွဲလမ်းနေကြောင်း သတိရသွားသောအခါတွင်တော့ သူ့မျက်နှာလေး ပြန်ညှိုးသွားသည်။

       သူအသက်ရှင်မယ်ဆိုတော့ကော ရှောင်ကျန့်က သူ့ဘက်ကို ပါလာမှာမလို့လား။ သူ့မှာက မိဘမရှိ၊ ဆွေမျိုးမရှိလို့ ရှောင်ကျန့်က သူ့ကိုခေါ်ယူစောင့်ရှောက်ပေးထားရုံပဲလေ။ ဘယ်တော့မှ သူ့ကိုချစ်လာမှမဟုတ်ဘူး။

      အားလီ မျက်နှာညှိုးသွားတာကို မြင်သောအခါ ရှောင်ကျန့်က

"ဘာဖြစ်လို့လဲ "
"ကိုကိုပင်ပန်းသွားပြီ... ကျွန်တော့်ရောဂါက ကျွမ်းနေပြီ ကုသလို့မရတော့ဘူးတဲ့"

       ရှောင်ကျန့် ခဏတော့ ငြိမ်သက်သွား၏။ တစ်ဖက်ရှိ ဝမ်ရိပေါ်ဟာလည်း ဂိမ်းဆော့နေရင်းမှ ရပ်သွားလေသည်။ အားလီက သူ့ရဲ့နောက်ဆုံးအချိန်လို့ ပြောလိုက်တာနဲ့ ဘာမှမကွာဘူးလေ။

"ဒါဆို ငါဘာလုပ်ပေးရမလဲ "
"ကိုကို တကယ်လုပ်ပေးမှာလား"

"မင်းပြောကြည့်လေ"
"ကျွန်တော်ကိုကို့ကို အခက်တွေ့အောင် မလုပ်ပါဘူး.... ကျွန်တော် ကိုကို့ပိုင်တဲ့ ပစ္စည်းလေးဖြစ်ဖြစ် ယူသွားချင်တယ်"

Phoenix's lover (arc 3) Complete Where stories live. Discover now