💚11💚

1.4K 202 9
                                    

Unicode
Phoenix's lover

                      💚11💚

"ချစ်တယ်တဲ့လား... သူ့ရဲ့စကားက ဘာလို့ရင်ခုန်စေတာလဲ လက်လွှတ်မယ်ဆိုတဲ့စကားကြားတော့ ငါဘာလို့လန့်သွားရတာလဲ အတိတ်ဘဝမှာ ငါသူ့ကိုတကယ်ချစ်ခဲ့တာလား.... မဟုတ်သေးဘူး အခုတောင်ငါသူ့ကိုချစ်မိတော့မလို့လေ"

       ဝမ်ရိပေါ် ဆိုဖာပေါ် ထိုင်ချလိုက်ကာ အစ်မဝမ်းကွဲဆီ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ပြီးသိပ်မကြာလိုက် သူမဘက်က ဖုန်းကိုင်၏။

{"ရိပေါ်စုတ်လေး.... ဟိုတစ်နေ့ကဘာလို့ ဖုန်းချပစ်တာလဲ"}

"ဟဲဟဲ အဲ့တုန်းကဖုန်းလှမ်းယူရင် ဖုန်းကပြုတ်ကျသွားတာ... စိတ်မဆိုးပါနဲ့ နော်လို့"

{"ဟွန်း.... အသံက ပျားရည်တွေရွဲ​နေတယ်နော်"}

"ဟဲဟဲ အခုကျွန်တော်အစ်မကို မေးစရာရှိလို့ပါ... ဟိုလေ အစ်ကိုမူကို အစ်မလက်လွှတ်ခဲ့တာ အရမ်းချစ်လို့လား"

{"အင်း.... သူကထွက်သွားချင်နေတာလေ ငါဆွဲထားရင် သူပဲစိတ်ဆင်းရဲရမှာ... ငါသူ့ကိုဒီလောက်ချစ်တာ သူစိတ်ဆင်းရဲတာတော့ မမြင်ချင်ဘူး ဒါကြောင့် သူပျော်အောင်လက်လွှတ်ပေးလိုက်တာ.... ဘာဖြစ်လို့လဲ ရိပေါ်လေးရည်းစားရနေပြီလား"}

"ဆိုပါတော့....."

{"ဘယ်လို..... oh my god!.... ဝမ်ရိပေါ် နင်အခုတော့ ရည်းစားရပြီပေါ့လေ ဘာလဲ သူကနင့်ကိုလက်လွှတ်မယ် ပြောနေလို့လား.... "}

"အင်း....."

{"Wow..... အဲ့တော့နင်တစ်မျိုးကြီး ခံစားရပြီး ငါ့ကိုအဲ့ဒီအကြောင်းတွေ လာမေးတာပေါ့လေ ဟုတ်လား"}

"ဟုတ်တယ်.... ကျွန်တော်အစက သူ့ကိုဒီအတိုင်း အပျော်သဘောနဲ့ပဲ တွဲခဲ့တာ ဒါပေမယ့် သူနဲ့အနီးကပ်နေပြီးတော့ ကျွန်တော်သူ့ကို မခွဲနိုင်တော့ဘူး..... သူကတခြားနေရာက လာတာဆိုတော့ အဆင်မပြေဘူး "

{"ဘာမပြေစရာအကြောင်းရှိလဲ နင်သူ့ကိုချစ်ရင် လိုက်သွားပေါ့.... ရိပေါ် တစ်ချို့က ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့အတွက် ဘာမဆိုလုပ်ရဲကြတယ် နောက်ဆုတ်ပေးရမလား... အသက်ပေးရမလား စသည်ဖြင့်ပေါ့ နင်သူ့ကိုတကယ်ချစ်ရင် သူထွက်သွားတဲ့အခါ နင်သေချာပေါက် နောင်တရနေလိမ့်မယ် အချိန်ရှိတုန်း ကြိုးစားထားဖို့မမေ့နဲ့... "}

Phoenix's lover (arc 3) Complete Onde histórias criam vida. Descubra agora