အခန်း(၄၁) အစာအိမ် သွေးယိုခြင်း

10.6K 1.5K 46
                                    

ဧည့်ခံပွဲကနေ ရှက်ရှက်နဲ့ ပြေးထွက်လာပြီးနောက် ဝမ်နျဲ့နန်တစ်ယောက် လမ်းပေါ်မှာတစ်ယောက်တည်း ခြေဦးတည့်ရာလျှောက်သွားနေခဲ့သည်။

ခံစားချက်တွေလွင့်စင်ထွက်နေတဲ့ ရင်ဘတ်ကြီးတစ်ခုလုံးက ဒဏ်ရာတွေနဲ့ ပွစာကြဲနေသည်။

ဟိုပြေး ဒီပြေးနဲ့ ကျောင်းဝတ်စုံလေးကိုယ်စီဝတ်ထားတဲ့ ကလေးနှစ်ယောက်ကိုမြင်တဲ့အခါ သူ့မျက်ရည်က အထိန်းအကွပ်မဲ့စွာ စီးကျလာသည်။

' တစ်ချိန် အထက်ကျောင်းတက်တုန်းက ကုယျန်ရှန်းရဲ့ ပုံရိပ်တွေကို သတိရမိသည်။ '

ထိုစဉ် တက္ကစီတစ်စီးက ဝမ်နျဲ့နန်ရှေ့မှာရပ်ပြီး ခရီးသွားတစ်ယောက်ဆင်းသွားပြီးနောက် ဝမ်နျဲ့နန် လက်ပြပြီး ကားတားလိုက်သည်။

"မစ္စတာ ဘယ်သွားမလို့လဲ။"

ကားသမားက ဝမ်နျဲ့နန်ကို တလေးတစားနဲ့ မေးလာသည်။

"အနီးဆုံး bar ကို မောင်းပေးပါ။ "

ကားသမားက အနီးအနားမှာရှိတဲ့ နာမည်ကြီး ဘားတစ်ခုဆီ မောင်းပို့ပေးလိုက်ပြီး ဘားရှေ့ရောက်တော့ ဝမ်နျဲ့နန်က ကားပေါ်ကဆင်းကာ ဘားထဲဝင်သွားလိုက်သည်။

ထိုဘား၏ အတွင်းပိုင်းအပြင်အဆင်က အထက်တန်းဆန်ပြီး အရမ်းကြီး မရိုးရှင်းပါပဲ ခေတ်ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိသည်။

ဝမ်နျဲ့နန် ဘားအတွင်းသို့ဝင်သွားပြီး နေရာတစ်ခုမှာ ထိုင်ပြီးသိပ်မကြာခင်မှာပဲ ဝိုင်တော်တော်များများ သောက်ပြီးသွားပြီဖြစ်သည်။

ခနကြာတော့ ဝိုင်အရှိန်နဲ့ မူးဝေလာပြီဖြစ်တဲ့ ဝမ်နျဲ့နန်က ဘယ်လိုမှမထိန်းနိုင်တော့ဘဲ စားပွဲပေါ်လက်တင်လိုက်ကာ ခေါင်းမှောက်သွားခဲ့သည်။

ရီဝေဝေဖြစ်နေတဲ့ သူ့ရဲ့ အာရုံထဲသို့ စင်ပေါ်က သီဆိုနေတဲ့ အဆွေးသီချင်းပြင်းရှရှက ဝမ်နျဲ့နန်ကို ပိုလို့နာကျင်စေပြန်သည်။
ထိုအခါ ဝမ်နျဲ့နန်က မှောက်အိပ်နေရာမှ ခေါင်းပြန်ထောင်လာပြီး ဝိုင်တစ်ခွက် ထပ်သောက်လိုက်ပြန်သည်။

"အာ့ .! "

" နျဲ့နန် မင်း ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now