အခန်း(၇၁) သာမန်ခင်ပွန်းအဖြစ်။

12.8K 1.8K 124
                                    

အခန်းထဲမှာ ဝမ်နျဲ့နျန်က အခန်းတံခါးကိုမှီထားရင်း သူ့ရင်ဘတ်ကို ပွတ်သပ်နေသည်။ အသက်ကိုပြင်းပြင်းရှူပြီး အပြင်ဘက်က အသံမကြားရတော့မှ အိပ်ရာနားကို လျှောက်သွားလိုက်သည်။

ပြန်ပြီး ကိုက်ခဲလာသည့် ခေါင်းကဒဏ်ရာနဲ့ ပင်ပန်းစွာ အိပ်ရာဘေးသို့ ပစ်လဲကျသွားသည့် ခန္ဓာကိုယ်လေးမှာလည်း တုန်ရီလို့နေသည်။

တိတ်ဆိတ်နေသည့် အခန်းလေးထဲမှာ လက်ချောင်းလေးနဲ့ ကြမ်းပြင်ကို တတောက်တောက်ခေါက်ရင်း အသံပြုနေရင်း
တရွေ့ရွေ့နဲ့ လိမ့်ဆင်းသွားတဲ့ လက်သူကြွယ်က လက်ထပ်လက်စွပ်က အရင်ကနဲ့မတူတော့ဘဲ ပိန်လွန်းသွားတဲ့ သူ့ခန္ဓာကိုယ်ကြောင့် ဖြစ်မည်။

ခံစားချက်တွေမဲ့နေတဲ့ မျက်ဝန်းတွေနဲ့ သူ့လက်ကိုမြှောက်ကြည့်ရင်း လက်ထပ်ခြင်းရဲ့ အဓိပ္ပါယ်ကိုလည်း နစ်မွန်းစွာ တွေးကြည့်မိသည်။

'ဒီလက်စွပ်က လက်ထပ်ပွဲမှာ ကုယျန်ရှန်းကိုယ်တိုင် သူ့ရဲ့လက်သူကြွယ်မှာ ဝတ်ထားပေးခဲ့တာ။ ပြီးတော့ ကုယျန်ရှန်းကိုယ်တိုင် F နိုင်ငံကိုသွားပြီး ရွေးခဲ့တာလို့လည်း အမေက ပြောခဲ့တယ်။
ဒီလက်စွပ်က လက်မထပ်ခင် တစ်နှစ်ကတည်းက ကြိုမှာထားခဲ့ရပြီး အနာဂတ်မှာ လက်တွဲဖော်အဖြစ်သတ်မှတ်မယ့် သူအတွက် သီးသန့်လုပ်ထားခဲ့တာလို့လည်း ဆိုသည်။'

လက်သူကြွယ်က လက်စွပ်ရာလေးကို ပွတ်သပ်ကြည့်နေရင်း သူ့ရင်ထဲမှာ လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေက ထိုလက်စွပ်ရာထက် ပို၍ ထင်းနေမည် ထင်သည်။

သူ့အတွက်တော့ ဒီလက်စွပ်လေးကပဲ ကုယျန်ရှန်းနဲ့ သူက လက်ထပ်ထားပါတယ် ' ဆိုပြီး ပြောပြနိုင်သည့် တစ်ခုတည်းသော အထောက်အထားလေးဖြစ်သလို သူရွေးချယ်ခဲ့တဲ့ လက်ထပ်ခြင်းမှ ပိုင်ဆိုင်လိုက်ရသည့် တစ်ခုတည်းသော အရာလေးလည်း ဖြစ်သည်။

'ကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ရင်တောင် သူနဲ့ ကုယျန်ရှန်း၏ ဆက်နွယ်မှုက ထိုလက်စွပ်လေးတစ်ကွင်းတွင်သာ ရှိလေသည်။'

'ကွာရှင်းပြီးရင်ပေါ့ ....
သူရွေးချယ်ခဲ့တဲ့ လက်ထပ်ခြင်းက ရတဲ့ ဒီလက်စွပ်လေးကို သူ့လက်ကနေချွတ်ပြီး စွန့်လွှတ်ပစ်နိုင်လောက်မယ် ထင်တယ် ....'

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now