Zawgyiဆိုင်အတွင်းပိုင်းထဲရောက်တော့ အနည်းငယ်ရှင်းနေသည်ကိုတွေ့ရပေမယ့် စားပွဲထိုးကောင်လေးတွေကလွဲ၍ ဘယ်သူမှမတွေ့သည်ဟု ပြောရင်ပိုမှန်တာပေါ့၊ ဧည့်ကြိုကောင်လေးဟာ ရှေ့ထွက်လာပြီး သူတို့ကို V.I.P အခန်းရှေ့ရှိ ပို့ပေးနောက်၊မကြာခင်မှာ ချစ်စရာကောင်းသည့်မျက်နှာပေါက်နဲ့စားပွဲထိုးဝတ်စုံ ဝတ်ထားသည့်လူငယ်လေးဟာအခန်းထဲကို ဝင်လာတော့သည်၊
"အားလားဖရန်းဆေး(a' la francaise)"လို့ စားပွဲထိုးလေးဟာ ပြောကာ menuစာအုပ်ကို သူတို့ဆီကမ်းလာတာကြောင့် လော့ရှန်ဟွာဟာ ကျေးဇူးတင်စကားဆိုကာ menuစာအုပ်ထဲကို ကြည့်လိုက်တော့သည်၊ လူကြိုက်အများဆုံး အမျိုးအစားသုံးခု တခမ်းတနားဖော်ပြထားသည်ကို တွေ့လိုက်သည်၊sundae ice cream ဖန်ခွက်နဲ့ထည့်ထားပြီးအပေါ်ကနေ creamဖြူးထားသည့်ရေခဲမုန့်အမျိုးအစားဖြစ်သည်၊နောက်တစ်ခုဟာ waffle ice creamဖြစ်ပြီး သူကြတော့အောက်ခံကိုဝေဖာနဲ့လုပ်ထားပြီး အထဲတွင်ရေခဲမုန့်အပြင် အသီးနဲ့အခြားပါဝင်ပစ္စည်းများလည်းပါသေးသည်၊နောက်ဆုံးတစ်ခုက Sandwich icecreamဖြစ်သည်၊
'ငါ ဘာရွေးရမလဲ... အကုန်လုံးကစားကောင်းမဲ့ပုံတွေကြီးပဲ ဒါပေမယ့် ဒယ်ဒီက အများကြီးမစားနဲ့ပြောထားတော့လဲ' ဟု စိတ်ထဲ၌သာ တွေးတောနေရင်း နောက်ဆုံး sundae ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ချက်အခိုင်အမာချလိုက်ပြီး စားပွဲထိုးကိုကြည့်ကာ...
"Sundae ice-creamကိုလေ... " သူရှေ့ရှိ ငယ်ရွယ်ပြီးချစ်စရာကောင်းသည့် စားပွဲထိုးကောင်လေးဟာ သူရဲ့ဒယ်ဒီကိုသာ မျက်တောင်မခတ်ကြည့်နေတာကြောင့် မျက်မှောင်လေးကြုတ်သွားကာ ချောင်းတစ်ချက်ဟန့်ပြလိုက်ပေမယ့် တဖက်က အနည်းငယ်ပင်အဖက်မလုပ်လာချေ၊
'ဟုတ်ပြီ ငါ့ဒယ်ဒီက အရမ်း အရမ်းချောနေတာသိပေမယ့် ဒီသောက်ငတ်ကို နည်းနည်းတော့အဖက်လုပ်ပါဦးဟ'ဟု စိတ်ထဲ၌သာ ပြောနေပေမယ့် မျက်နှာအမူအရာသည်လည်း မဲသဲလာကာ...menuစာအုပ်ကို အသံကျယ်ကျယ်နဲ့ချလိုက်တော့သည်၊ထိုအခါမှ စားပွဲထိုးလေးဟာ အလန့်တကြားဖြစ်ကာ လော့ရှန်ဟွာဘက်လှည့်လာပြီး
"လူကြီးမင်း ဘာပြသာနာများဖြစ်လို့လဲခင်ဗျ"လို့ မျက်နှာရဲရဲနဲ့မေးလာပေမယ့် သူ့စိတ်ဟာမကြည်လင်ပေမယ့်လည်း...

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ