Chapter-90

7.6K 616 13
                                    

Zawgyi

နောက်တစ်နေ့ရောက်ချိန်မှာတော့ ကျန်းမိသားစုက ဖိအားမျိုးစုံနဲ့ရင်ဆိုင်နေရတော့သည်၊အရင်က ရှိခဲ့တဲ့အဆက်အသွယ်တွေကလည်း ကျန်းအိမ်တော်ကို လစ်လျူရှုလာကြပြီး စစ်အိမ်တော်ကိုယ်တိုင်က ကျန်းအိမ်တော်နဲ့မပတ်သတ်တော့ကြောင်း လူသိရှင်ကြားပြောဆိုခဲ့သည်၊ဒါကြောင့် ကျန်းအိမ်တော်ကို မျက်မုန်းကျိုးနေတဲ့လုပ်ငန်းရှင်တွေက ရေနစ်နေတဲ့သူကို ဝါးကူထိုးသလိုမျိုး အဖက်ဖက်ကနေ ဖိအားပေးလာတော့သည်၊

ဒါတင်မကဘူး စစ်ကျွင်းဝူက ကျန်းလင်းရှနဲ့သူဖောက်ပြန်မိတဲ့အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း အင်တာနက်ကွန်ရက်မှာ ဝန်ခံခဲ့သည်၊ဒါကြောင့် လူတိုင်းက ကိုယ့်အစ်မရဲ့ယောက်ျားနဲ့ဖောက်ပြန်ရဲတဲ့ကျန်းလင်းရှကိုပါ ရွံရှာသွားကြတော့သည်၊ကျန်းလင်းရှက အရင်ကနာမည်ပျက်ပေါ် နာမည်ပျက်ထပ်ဆင့်ပြီး လူတိုင်းက ဝိုင်းဆဲနေကြတော့သည်၊

ကျန်းလင်းရှကတော့ ကျန်းအိမ်တော်မှာ ပုန်းနေပြီး အပြင်ဘက်ကို မထွက်ရဲတဲ့အထိကြောက်လန့်နေတော့သည်၊ပြီးတော့ သူ့မိဘတွေကလည်း နေ့တိုင်း ရန်ဖြစ်ပြဿနာတက်ပြီး သူ့အဖေဆိုရင် ဆေးတောင် သောက်ယူနေရသည်၊ဒါပေမယ့် ကျန်းလင်းရှက နောင်တမရပေ၊

ဒါတွေက အသုံးမကျတဲ့သူ့အစ်မကြောင့်ဖြစ်ပြီး အခုလိုဖြစ်နေရတာတွေက လော့ရှန်ဟွာကြောင့်ဟုသာတွေးနေတော့သည်၊

သူက လော့ကျန်းပေ့ကို ချစ်မိရုံနဲ့ ဘာလို့ အဖြစ်ဆိုးနဲ့ကြုံရတာလဲဟု ဝမ်းနည်းစွာပင်တွေးနေပြီး လော့ကျန်းပေ့သာ သူ့ခံစားချက်တွေကို နားလည်ရင် ဒီဒုက္ခတွင်းထဲကနေ လွတ်မြောက်သွားလိမ့်မည်ဟုတွေးမိပြီးနောက်မှာ ကျန်းလင်းရှက ဖုန်း​ကောလ်တစ်ကောလ်ကိုခေါ်ဆိုလိုက်သည်၊

"ခင်ဗျားပြောတဲ့လူကို သိတယ်မလား..."

"အဲလူကို လှုပ်ရှားခိုင်းလိုက်တော့ "

"ပိုက်ဆံအတွက်မပူနဲ့...ကျန်းအိမ်တော်က နာမည်ကျရင်တောင် ငွေကြေးရေးနဲ့ ခင်ဗျားကို ဖိသတ်နိုင်သေးတယ်"

ကျန်းလင်းရှက ဖုန်းကိုချလိုက်ပြီး စိတ်ကျေနပ်နေတော့သည်၊လော့ရှန်ဟွာသာမရှိရင် သူဆုံးရှူံးခဲ့သမျှကို ပြန်ရလိမ့်မည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now