Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)

26K 3K 89
                                    

Zawgyi

ဗဟိုစာကြည့်တိုက်ထဲမှာ သူတို့လေးယောက်ဟာ အေးဆေးစာလုပ်နေကြရင်း...အေး သူနဲ့ထန်းဟော်ရှကတော့ တွေ့ရာစာအုပ် ကောက်ကိုင်လိုက်တာဆိုရင် ပိုမှန်မည်ပေါ့၊ထိုနောက် ကုဖုန်းမော့ဟာ လော့ရှန်ဟွာဘက်လှည့်လာကာ အသံတိုးတိုးဖြင့်

"အဲ့တာ Emperor Hirohito သမိုင်းစာအုပ်မလား...Henry ရေးထားတာလေ တကယ်ကို ကောင်းမွန်တဲ့စာအုပ်ပဲ "လို့ ပြောလိုက်တော့ လော့ရှန်ဟွာဟာ သူ့လက်ထဲက စာအုပ်ကိုသတိထားမိသွားတော့သည်၊သူအနေနဲ့စာအုပ်ကိုယူကာ... စာမျက်နှာတစ်ခုပြီးတစ်ခုလှန်နေပေမယ့် ဘာစာဖတ်နေလဲမသိပေ၊ခေါင်းထဲမှာ အခြားအကြောင်းအရာတွေးတောနေခြင်းဖြစ်သည်၊ဒါကြောင့် ကုဖုန်းမော့ပြောသည်ကို သိပ်မကြားလိုက်ပေ၊ဒါပေမယ့် ထန်းဟော်ရှဟာ ရှင်းရှင်းလင်းလင်းကြားလိုက်ပြီး...

"ဘာတွေ အထင်ကြီးစရာကောင်းနေလို့လဲ အဲဧကရာဇ်က လောဘကြီးတဲ့ဧကရာဇ်တပါးပဲလေ၊ သူက နယ်မြေအနည်းငယ်သိမ်းယူရရုံနဲ့ မသေးသိမ်နိုင်ပဲ ကိုရီးယား၊တရုတ်နဲ့ရုရှားနယ်နိမိတ်တွေထိပါ သိမ်းပိုက်ကျူးကျော်ခဲ့တာလေ... အဲ့မှာလူတွေ ဘယ်လောက်သေဆုံးခဲ့လဲသိရဲ့လား?" လို့ ဝင်ပြောတော့ ကုဖုန်းမော့က ခေါင်းခါစွာဖြင့်

"ဒါသူ့မှာ အရည်အချင်းရှိလို့လေ ဧကရာဇ်ဟီရိုဟီတိုက အသက်(၂၀)အရွယ်နဲ့ သူ့ဖခင်ရဲ့ ကျန်းမာရေးကြောင့် တိုင်းပြည်ကို ဝင်ရောက်စီမံအုပ်ချုပ်ခဲ့ပြီး ပြည်သူတွေရဲ့ လေးစားမှုကို ရယူခဲ့ရတဲ့ လက်တွေ့စီမံအုပ်ချုပ်ရေး ဧကရာဇ်တစ်ပါးဖြစ်လာတာလေ ဒါအပြင် သူဧကရာဇ်ဖြစ်ပြီးနောက်မှာ ဂျပန်အင်ပါယာရှိုဝါခေတ်အ​ကြောင်းကို ကမ္ဘာကစတင်သိလာတာပဲမဟုတ်ဘူးလား? အဲ့ချိန်တုန်းက သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ? ၂၅နှစ်လောက်ပဲရှိသေးတာလေ... ဧကရာဇ်ဟီရိုဟီတိုလို လူမျိုးက ဘယ်မှာမွေးဖွားခဲ့မွေးဖွားခဲ့ နဂါးတစ်ကောင်လို ကောင်းကင်ကိုပျံတက်မဲ့ပါရမီရှင်မျိုးလေ... သူက ငါတို့တိုင်းပြည်ကို ဖိနှိပ်ခဲ့ပေမယ့် ငါတို့ကကော မလုပ်ခဲ့ဘူးလား? စစ်ပွဲဆိုတာ အင်အားနည်းတဲ့သူက ဖိနှိပ်ခံရမယ် ၊ဒါပေမယ့် စစ်ပွဲထဲမှာ​ ရွှေငါးကနေ နဂါးအဖြင့်ပြောင်းလဲသွားတဲ့ သူရဲကောင်းတွေကတော့ ကမ္ဘာအနှံ့မှာရှိနေတုန်းပဲ...ဟုတ်တယ်မလား? ငါတို့အနေနဲ လေးစားသင့်ရင် လေးစားရမှာပဲလေ" လို့ ကုဖုန်းမော့ဟာ ထန်းဟော်ရှကို လေးနက်စွာရှင်းပြနေတော့သည်၊ဘေးရှိနှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည့်ရှအန်းထျန်းကတော့ ထန်းဟော်ရှရဲ့ရှက်ရွံမှုကြောင့် နီရဲနေသည့် မျက်နှာရဲရဲလေးကို ကြည့်ကာ...

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now