Chapter-94

5.6K 475 0
                                    

Zawgyi

နောက်တစ်နေ့မိုးလင်းလာတဲ့အချိန်မှာတော့ လော့ရှန်ဟွာက လော့ကျန်းပေ့ကို မတွေ့တာကြောင့် မျက်မှောင်ကြုတ်သွားပြီး ဘေးပတ်လည်ကိုကြည့်လိုက်တော့ အပေါ်ကိုင်းဗလာနဲနောက်ကျောပေးကာ ဖုန်းပြောနေတဲ့လော့ကျန်းပေ့ကို တွေ့လိုက်ရသည်၊

"ဒယ်ဒီ..."

"လာခဲ့မယ် အဘိုး...ဒါပဲဗျ" လော့ကျန်းပေ့က ဗလာ့ရှန်ဟွာဘက်ကိုလှည့်ကြည့်ရင်း တစ်ဖက်လူကို စကား​​ကြောဖြတ်လိုက်ပြီး ဖုန်းချလိုက်တော့သည်၊

"ဘယ်သူဆက်တာလဲ"

"အဘိုးဆက်တာလေ...နောက်တစ်ပတ်မှာ ရှယ်ယာအဖွဲ့ဝင်အပြောင်းအလဲရှိတာကြောင့် ကိုယ်တို့ကို ဖိတ်လိုက်တာ"

"အော်..." လော့ရှန်ဟွာ အဘိုးဆိုတဲတစ်ယောက်ကို စဉ်းစားရင်း လော့အိမ်တော်မှာ စည်းကမ်းရှိတဲ့အဘိုးလော့ရှိတာကို သတိရမိသွားသည်၊ထိုအဘိုးအိုက လော့မုမုကို သဘောမကျခဲ့ပေ၊ဒါကလည်း လော့မုမုက အဖေမပေါ်ပဲဗိုက်ကြီးလာတာကြောင့် သူ့သမီးနဲ့မတန်ဘူးလို့တွေးကာ သဘောမကျခဲ့ခြင်းသာဖြစ်သည်၊

"ကျွန်တော်က ရှယ်ယာတစ်ဆယ်ရာခိုင်နှုန်းပါတယ်ဆိုတော့ ကျွန်တော်ပါ သွားရမှာလား"

"ကလေးလေး စိတ်ကျဉ်းကျပ်ရင် မသွားလည်းရတယ်" လော့ကျန်း​​ပေ့ဟာ ဗီဒိုထဲက အဝတ်အစားတစ်စုံကိုယူလိုက်ရင်း ကုတင်ခြေရင်းနားမှာထားလိုက်သည်၊ထို့နောက်မှာ လော့ရှန်ဟွာဆီလာကာ ပွေ့ချီလိုက်တော့သည်၊

လော့ရှန်ဟွာမှာ လော့ကျန်းပေ့ရဲ့ရင်အုံကျယ်ကျယ်ဆီ မျက်နှာအပ်သွားပြီး လော့ကျန်းပေ့ရဲ့ကိုယ်သင်းရနံ့ဖျော့ဖျော့ကိုရရင်း စိတ်လှုပ်ရှားနေတော့သည်၊မနေ့ညက သူ့ဒယ်ဒီရဲ့စိတ်လှုပ်ရှားဖွယ်ကောင်းလှတဲ့အပိုင်းကို ပြန်တွေးကြည့်ရင်း ပန်းများပင်ရဲတွက်သွားတော့သည်၊

စေ့စပ်ပွဲ၊ပထမညမှာ သူတို့က နှစ်ယောက်တစ်ကိုယ်မပေါင်းဖက်သော်လည်း ကောင်းမွန်တဲ့အမှတ်တရတွေကို ဖန်တီးခဲ့သည်၊ထိုအကြောင်းအရာတွေကို ပြန်တွေးရင်း လော့ရှန်ဟွာက စိတ်လှုပ်ရှားနေတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now