မင်းတို့ နောက်တစ်ပိုင်း တောင်းဆိုလို့နော်၊ ကိုယ်က ပစ်ထားတာ ကြာတော့ နည်းနည်းအလိုလိုက်ပေးတာ...၊
Zawgyi
လော့ရှန်ဟွာ လှေကားထစ်ကနေသာပြေးတက်သွားချင်တော့သည်၊ဒီမှာမနေရလည်း ဘာဖြစ်လဲ... ၊ရင်ဘက်ကတော့ အောင့်သက်သက်နဲ့ခံစားနေရပေမယ့် လော့ရှန်ဟွာ စိတ်ကိုလျော့လိုက်တော့သည်၊
ဒါပေမယ့် လက်တစ်ဖက်က အနောက်ကနေ သူ့ဗိုက်နဲ့ခါးကိုပွေ့ဖက်လာတာကြောင့် လော့ရှန်ဟွာကြောင်အသွားတော့သည်၊ထို့နောက်မှာ သူ့ရဲ့နားအနောက်ဘက်ကို အသက်ရှူထုတ်လာတဲ့လေပူတွေ လာထိရောက်သည်ကိုခံစားနေရတော့သည်၊
"ဒါက ဒယ်ဒီကို စိတ်ကောက်သွားတာလား"
လော့ရှန်ဟွာ ထိုလူရဲ့မြူကလူတဲ့အသံကို အသားမကျသေးတာအမှန်ပေ၊ဒါက တစ်ဖက်လူကို နာမခံပဲ မနေနိုင်အောင်ပြုစားနိုင်လွန်းသည်၊လော့ရှန့်ဟွာက systemကပေးထားတဲ့အလွယ်တကူထိရှလွယ်တဲ့စနစ်ကြောင့် နားထိပ်လေးတွေနဲ့ဂုတ်သားလေးတွေဟာ ရဲနေတော့သည်၊
လော့ကျန်းပေ့ဟာ ထိုဂုတ်သားလေးတွေကြည့်ပြီး အနက်ရောင်မျက်လုံးထဲမှာ ရမ္မက်များဖြတ်သန်းသွားတော့သည်၊ဒါပေမယ့် လက်ရှိကိစ္စကိုသာ အရင်ဖြေရှင်းရမှာဖြစ်တာကြောင့် သူဟာ လော့ချင်းမုဘက်ကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်၊
"လော့ရှန်ဟွာရဲ့လော့က မင်းအတွက် ဟာသဆန်နေလား ချင်းမု"
လော့ကျန်းပေ့ရဲ့စကားကြောင့် လော့ချင်းမုမျက်နှာဟာဖြူဖျော့သွားတော့သည်၊သူမဟာ လော့ကျန်းပေ့ကိုကြည့်ရင်း ကြောက်လန့်နေတော့သည်၊သူမသိတာပေါ့ လော့ကျန်းပေ့က သူမရဲ့အဖေမျက်နှာကြောင့် သူမလုပ်သမျှပြဿနာတွေကို လိုက်လံဖြေရှင်ပေးခဲ့တာကြောင့် မြို့တော်ရှိလူတိုင်းဟာ လော့ကျန်းပေ့ရဲ့အချစ်ဆုံးသွေးသားဆိုပြီး အမြဲပြောလေ့ရှိသည်၊ဒါပေမယ့် လော့ကျန်းပေ့ဟာ သူမရဲ့ပြဿနာတွေကို ဖြေရှင်းပေးပေမယ့် နွေးထွေးစွာတော့ ဆက်ဆံသည်မဟုတ်ပေ၊
ခုနကတုန်းက လော့ရှန်ဟွာကို မေးလိုက်ပေမယ့် သူမကိုစိုက်ကြည့်နေတဲ့မျက်ဝန်းနက်တစ်စုံကို အခုထိစိတ်ထဲကနေဖျောက်မရသေးပေ၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ