𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 1

18.9K 778 27
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

​မှောင်နက်မဲမဲဖြစ်​နေ​သော
ရာသီဥတုနဲ့အတူ
အဆက်မပြတ် ရွာသွန်း​နေခဲ့သည့်မိုးက
ပတ်ဝန်းကျင်ကို ပို​ခြောက်ခြားဖွယ်​ကောင်း​အောင်
လုပ်​နေခဲ့သည်။

ချစ်ရသူကို ​စောင့်​​နေကြလမ်းထိပ်က​နေ
​ဂျောင်ဂု​စောင့်​နေမိ​ပေမယ့် ​
သူ​စောင့်​မျှော်​နေရသည့်သူက
​တော်​တော်နဲ့​ပေါ်မလာခဲ့။
​အချိန်​တွေအကြာကြီးကြာမှ
သူ့ချစ်သူက ထွက်​ပေါ်လာသည်။

အဝါ​ရောင်ထီး​လေးကို ​ဆောင်းကာ
သူ့ဆီလာ​နေသည့် ချစ်ရသူ​ကြောင့်
​ဂျောင်ဂု ​ပျော်မိသွား​ပေမယ့်
သူ့ချစ်သူက​တော့ စိတ်မကြည်စွာပင်

"ဒီကိုမလာ​နဲ့​​တော့လို့
ငါမင်းကို​ပြောထားတယ်​လေ။
ဘာလို့မနာခံရတာလဲ။
ငါ့ကိုချစ်တယ်ဆိုတာ​​ကော
ဟုတ်ရဲ့လား။"

"ထယ့်ကိုချစ်လို့ ကျွန်​တော်လာခဲ့တာ​လေ
ထယ်ရယ်။ ဘာလို့စိမ်းကားရပြန်တာလဲ။"

"မင်းငါ့ကို အဲ့လိုမ​ခေါ်ဖို့
ငါ​ပြောထားတယ်​လေ။
ငါက မကြာခင်လက်ထပ်ရ​တော့မယ်ဆိုတာကို
မင်းမသိဘူးလား။
ပြီး​တော့ငါနဲ့ လက်ထပ်ရမယ့်သူကိုလဲ
မင်းသိရက်သားနဲ့ အခုလို​တွေ
လာလုပ်​နေတယ်ဆို​တော့
မင်းမှာ အသိစိတ်​ရော ရှိ​သေးရဲ့လား။"

"ကျွန်​တော့်ကို အခုလိုစကား​တွေနဲ့
နားလည်​အောင်လုပ်လို့ မရဘူးထယ်။
ကျွန်​တော် ထယ့်ကိုချစ်တယ်။
ထယ်ကလဲ ကျွန်​တော့်ကိုပဲ ချစ်တာမလား။
ကျွန်​တော်တို့နှစ်​ယောက်အတူ
ထွက်​ပြေးကြရ​အောင်​နော်။
နှစ်​ယောက်လုံးအတွက်
ခက်ခဲလိမ့်မယ်ဆို​ပေမယ့်
ထယ့်ကို​နောင်တမရ​အောင် ကျွန်​တော်က
ထား​ပေးမှာပါ။ ကျွန်​တော်
ထယ့်ကိုအဆုံးရှုံးမခံနိုင်ဘူး။"

"​တော်လိုက်​တော့ ​​ဂျောင်ဂု။
အခုထိကို မိဘဆီက လက်ဖြန့်​တောင်း​နေရတဲ့
မင်းလို​ကောင်က ငါနဲ့အတူ
ထွက်​ပြေးဖို့ပါးစပ်က​နေ
ဘယ်လိုအသိနဲ့များ ​ပြောထွက်တာလဲ။
မင်းအတွက်က​တော့
ဘာဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်ဆို​ပေမယ့်
ငါက​တော့ ငါ့မိသားစုကို ထားပြီး
မင်းလို ပိုင်ဆိုင်မှုမရှိတဲ့
သူ​ဌေးသား​နောက်ကို မလိုက်နိုင်ဘူး။"

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Where stories live. Discover now