Extra - 2 ❤︎[ End ]

6K 457 96
                                    

စာအုပ်အသစ်​တွေစီဖို့ထားထားတဲ့
စင်​လေး​ပေါ်ကို မ​နေ့တုန်းကမှ
​ရောက်လာခဲ့တဲ့စာအုပ်​လေး​တွေစီထည့်​နေသည့်
ထယ်ဂျင်း။ အချိန်ကိုကြည့်မိ​တော့ အနက် ၉ နာရီခွဲ။
မ​နေ့တုန်းကအိမ်ပြန်မအိပ်ဘဲ
​ဂျောင်ဂုဆီလိုက်အိပ်မယ်ဆိုကာပြန်မလာတဲ့
ညီလုပ်သူကိုသတိရမိသွား​တော့
ဘာရယ်မဟုတ် စိတ်ပူသွားမိတယ်။

​နောက်မှ ထယ်​ယောင်းဟာသူ့ဆုံးဖြတ်ချက်သူ
​ကောင်း​​ကောင်းချမှတ်နိုင်​နေတဲ့
လူတစ်​ယောက်ဖြစ်သလို သွားအိပ်တာကလဲ
သူ့​ယောက်ျားဆီသူသွားအိပ်တာဘဲလို့
​တွေးရင်းစိုးရိမ်စိတ်​တွေကို​​ဖျောက်လိုက်ရသည်။

သမီး​​လေးက​တော့ခုန​လေးကတင်မှ
ငိုရတာ​မောပြီးအိပ်​ပျော်သွားခဲ့​လေပြီ။
သူ့လက်​ပေါ်မှာထက် ထယ်​ယောင်းလက်​ပေါ်မှာ
​နေရတာပိုပြီးနှစ်ခြိုက်ပုံရတဲ့သမီးငယ်ကို
ထယ်​ယောင်းသူ့ဆီက​နေထွက်သွားချိန်ကျ
ထိန်းရတာပင်ပန်း​နေ​တော့မည်။

ဘာပဲဖြစ်ဖြစ်ပါ ။
ထယ်​ယောင်းကသူ့ညီ​လေးတစ်​ယောက်
ဖြစ်သလို သူ့အ​ပေါ်လဲ​အရမ်း​ကောင်းတဲ့
ညီ​လေးဖြစ်တာ​ကြောင့် ထယ်​ယောင်းဘဝ​လေး
အခုလိုပြန်အတည်တကျဖြစ်နိုင်​တော့မှာကို
သူ​ပျော်​ပေးသင့်ပါသည်။

​စိတ်ထဲဝမ်းနည်းမိသလို ​ပျော်လဲ​ပျော်​နေမိတဲ့
ခံစားချက်​တွေကိုခံစား​နေမိတုန်း
သူတို့ဆိုင်​ရှေ့ကိုထိုးစိုက်လာတဲ့​ဂျောင်ဂုရဲ့ကား။
​အဲ့ကား​လေး​ပေါ်က​နေ အချစ်ဆိုတဲ့အရာမှာ
ယစ်မူး​နေတဲ့ထယ်​ယောင်းဟာ ချယ်ရီ​ရောင်
မျက်နှာထား​လေးနဲ့သိမ်​မွေ့စွာ​ဆင်းလာခဲ့သည်။
​ဂျောင်ဂုနဲ့ကျီစယ်စကား​တွေဆို​​နေပုံ​ပေါက်သည့်
ညီငယ်ဟာ အခုမှအပြည့်အဝစိတ်ချမ်းသာနိုင်တဲ့ပုံပင်။

အဲ့​နောက်​တော့သီချင်း​လေးတညည်းညည်းဖြင့်
ဆိုင်ထဲဝင်လာ​သောညီငယ်။
သူ့ကိုမြင်​တော့အနားကိုချက်ချင်း​လေး
​ရောကက်လာပြီးစာအုပ်ကူစီ​ပေး​နေသည်။
​ဂျောင်ဂုက​တော့ အထဲထိလိုက်မလာ​ပေ။
အင်း​လေလ ဘယ်​လောက်ပဲ​ပြေလည်မှုရရ
သူ့ကို​​တွေ့တိုင်း ​ဂျောင်ဂုအ​နေနဲ့အ​​နေခက်​နေမှာ​ပေါ့။
သူလဲထိုနည်းလည်း​ကောင်းပင်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Where stories live. Discover now