Extra - 1 ❤︎

4.5K 373 56
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

တစ်​ယောက်လက်ကိုတစ်​ယောက်ကိုင်ထားပြီး
ဘယ်လိုအရာကိုမဆိုရင်ဆိုင်ဖို့
အသင့်ဖြစ်​နေပုံ​ပေါ်တဲ့ထယ်​ယောင်းတို့နှစ်​ယောက်။
သူတို့အ​ရှေ့က ​​ဂျောင်ဂုအ​ဖေက​တော့
​ခေါင်း​တွေကိုက်လို့​နေ​လေသည်။
သူ့ဘဝမှာမနိုင်နိုင်မယ့်ပွဲမျိုးကို ဘယ်တုန်းကမှ
မကစားခဲ့သလို ဘယ်ကစားပွဲမှာမှလဲ
သူမရှုံးခဲ့ဖူး​ပေ။ နိုင်ဖို့ရာ​ခြေ ၁၀၀ ရှိ​နေတဲ့ကစားပွဲမှာမှ
အရှုံးကြီးရှိရတာကို မခံမရပ်နိုင်ဖြစ်မိတာအမှန်။

ထယ်​ယောင်းကသူ့သားဆီလုံးဝပြန်မလာ​တော့ဘူး
ဆိုတာသူသိပြီးကာမှ သူ့သားကထယ်​ယောင်းကို
ပြန်​​ခေါ်လာနိုင်သည့်အတွက် သူ့မှာအရှုံးကြီးရှုံးရ​​တော့သည်။ သူကတစ်ပတ်အချိန်​ပေးခဲ့တာကို
သားလုပ်သူက သုံးရက်ပဲ​စောင့်ပြီးထယ်​ယောင်းကို
အပါ​ခေါ်လာတာမို့ မ​ကျေမနပ်ဖြစ်​နေမိသည်။

"အ​ဖေ​ပြောခဲ့တဲ့စကားကို တည်​ပေး​မယ်လို့
ကျွန်​တော်​မျှော်လင့်ပါတယ်။"

​ဂျောင်ဂုရဲ့ပြတ်သား​နေသည့်အသံ။
သူ့ကြည့်ရတာ​စစ်ပွဲတစ်ပွဲကိုအနိုင်တိုက်​နိုင်ခဲ့တဲ့
စစ်သူကြီးတစ်​ယောက်ရဲ့ထည်ဝါခံ့ညားမှုလိုမျိုး
ကြည့်​ကောင်းလို့​နေသည်။
ထယ်​ယောင်းလက်ကိုဆုပ်ကိုင်ထားတာများ
လွတ်ထွက်သွားမှာစိုးသည့်အလား။

"အ​ဖေတားလဲ ကျွန်​တော်ဂရုမစိုက်ပါဘူး။
ကျွန်​တော်တို့နှစ်​ယောက်က တရားရုံးမှာ
လက်မှတ်ထိုးပြီး လက်ထပ်မှတ်ပုံပြန်တင်ပြီးသွားပြီ"

"ဘာ"

ရှုံးပြီးသားအရာတစ်ခုကိုမှ
​နောင်တစ်ကြိမ်ထပ်ရှုံးလိုက်ရသည့်
​ဂျောင်ဂုအ​ဖေသည်​ဒေါသတကြီး​အသံထွက်လာသည်။
ထယ်​ယောင်းရဲ့မျက်နှာထားကိုကြည့်မိ​တော့
မချိုမချဥ်ဖြင့်။ ထယ်​ယောင်းအ​နေနဲ့​တော့
အတ္တကြီးလွန်းတဲ့​ယောက္ခထီးကိုအခုလိုပုံစံမျိုး
မြင်ရတာက သိပ်ကိုစိတ်​ကျေနပ်မိသည်။

အဲ့လူကြီးကိုအရင်းပြုပြီး က​မောက်ကမဖြစ်ခဲ့ရတဲ့
သူတို့ခံစားချက်​တွေနဲ့ယှဥ်ရင်ဒီအဘိုးကြီး
ခံစား​နေရတာက ​သေး​သေး​လေးပဲရှိပါ​​သေးတယ်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Where stories live. Discover now