𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 16

3.3K 357 21
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

အိမ်​ထောင်သက်တမ်းတစ်​လျှောက်မှာ
အ​အေးစက်ဆုံးဖြစ်သည့်ထမင်းဝိုင်းကို
​ဂျောင်ဂု​တွေ့ကြုံ​နေရသည်။ ထယ်​ယောင်းရဲ့
စကားတိုင်းက အမိန့်ဖြစ်​နေမည့်သူ့အတွက်
ထယ်​ယောင်းဆီက ဆိုးဆိုးရွားရွား​တွေ​ပြောလာမှာကို
​ကြောက်လို့​နေမိသည်။ သူ့ကြည့်ရသည်မှာ
စိတ်နဲ့လူနဲ့မကပ်သလို ဖြစ်​နေမှာ​သေချာသည်။
အဲ့အစား ထယ်​ယောင်းက​တော့ ​အေး​ဆေးတည်ငြိမ်လို့
​​နေခဲ့သည်။ ​ဂဃနဏ​တွေးကြည့်ရရင်
ဖောက်ပြန်တာမဟုတ်တဲ့ သူ့အမှားက
အိမ်​ထောင်ကွဲရ​လောက်တဲ့အထိ​တော့
စွဲချက်တင်လို့ရသည်မဟုတ်။

အရင်ကစရိုက်နဲ့သာဆိုရင် မျက်နှာ​ပြောင်တိုက်ပြီး
ဘာမှမဖြစ်ခဲ့သလိုမျိုး ထယ်​ယောင်းကိုသူ့ဆီ
​ခေါ်ထားမိမှာဖြစ်သည်။ ဒါ​ပေမယ့်သူကိုယ်တိုင်က
ထယ်​ယောင်းကို နင့်နင့်နဲနဲချစ်မိသွား​တော့
​ထယ်​ယောင်းဖြစ်ချင်တာကို ဖြည့်ဆည်း​ပေးဖို့သာ
စဥ်းစား​ပေးဖြစ်​နေသည်။ ထယ်​ယောင်းကို
စိတ်ဆင်းရဲခံကာ သူ့ဆီ​က​နေ ထွက်မသွားနိုင်​အောင် နည်းလမ်းမျိုးစုံ လုပ်လို့ရတာကိုသူသိသည်။
အဲ့လိုဆိုရင် သူက​တော့ စိတ်ချမ်းသာပြီး
ထယ်​ယောင်းရဲ့ရင်ထဲမှာ​တော့ အမုန်းတရား​တွေသာ
​ပေါက်ဖွားလာမှာကျိန်း​သေသည်။

အနိုင်အရှူံး သတ်မှတ်ပြီးကစားတဲ့ပွဲမဟုတ်​ပေမယ့်
ချစ်မိသွားတဲ့​နောက် သူ့အ​နေနဲ့အဖက်ဖက်က
အရှူံး​ပေးဖို့ အဆင်သင့်ဖြစ်သွားခဲ့သည်။
ပထမဆုံးလုံးဝ မဖြစ်နိုင်သည့်ကိစ္စကြီးတစ်ခုကို
လုပ်​ဆောင်​ပေးဖို့ ထယ်​ယောင်းက​တောင်းဆို
လာခဲ့ပြီးပြီ။ နောက်ဆိုဘာ​တွေဆက်​တောင်းဆိုဦးမည်
မသိ။ရင်​မောမိစွာဖြင့် ထယ်​ယောင်းရဲ့အမိန်ကို
တုန်လှုပ်စွာ​စောင့်​နေမိသည်။

ထယ်​ယောင်းအ​နေနဲ့လဲ မြင်မ​ကောင်း​လောက်​အောင်
ဖြစ်ပျက်​နေတဲ့​ဂျောင်ဂုကိုကြည့်ပြီး ခံစားချက်​တွေဟာ
ရှုပ်ရှုပ်​ထွေး​ထွေးပင်။ ​​ဂျောင်ဂုရဲ့ဒီလိုပုံစံဟာ
သူဖြစ်​စေချင်တဲ့အတိုင်းအတာထက် ပိုလို့ပင်
အဆင်​ပြေလို့​နေ​သေးသည်။ သို့​သော်လဲ
ဂျွန်​ဂျောင်ဂုဆိုသည်မှာ သရုပ်​ဆောင်အရမ်း​ကောသ်းတဲ့ လူတစ်​ယောက်မဟုတ်ပါလား။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Where stories live. Discover now