𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 21

3.5K 365 32
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

သူကိုယ်တိုင်ခွင့်ယူပြီး အပြင်ကိုထွက်ဖို့
လုပ်ထားတာ​ကြောင့် လိုက်ဖြစ်​အောင်လိုက်ခဲ့​ပေးပါ
ဆိုတဲ့​ဂျောင်ဂု​တောင်းဆိုချက်ကို ထယ်​ယောင်ရ
မငြင်းနိုင်ခဲ့။ မကြာခင်လမ်းခွဲကြ​တော့မယ့်
အိမ်​ထောင်ရှင်​တွေက အ​ပြင်ဘက်ထွက်လည်ပြီး
​ပျော်စရာအမှတ်တရ​တွေဖန်တီးလားမသိ​​ပေမယ့်
​ဂျောင်ဂုက​တော့ အဲ့လိုလုပ်ဖို့ဆန္ဒရှိဟန်တူသည်။

လည်လို့၊ပတ်လို့​ကောင်းတဲ့​နေရာ​တွေကို
တစ်ခုပြီးတစ်ခုဝင်ထွက်​နေ​ပေမယ့်လဲ
ရင်ထဲကလစ်ဟာမှုကိုယ်စီ​ကြောင့်
​ပျော်ရွှင်မှုဆိုတဲ့အရာကို တစိုးတစိ​လေး​တောင်
ရှာမ​တွေ့နိုင်ကြ​ပေ။

သို့​သော် သူစိတ်ညစ်​နေတဲ့မျက်နှာကို
ထယ်​ယောင်းမြင်မှာစိုးသည့်​ဂျောင်ဂုက
​ပျော်ချင်​ယောင်​ဆောင်​နေသည်။
ထယ်​ယောင်းမှာလဲ ထိုနည်းလည်း​ကောင်းပင်။
တစ်​ယောက်ကိုတစ်​ယောက် ထုတ်မ​ပြောကြ​ပေမယ့်
တစ်ဖက်လူရဲ့စိတ်ထဲအလုံးစုံမ​ပျော်နိုင်ဘူးဆိုတာ
သူတို့သိကြတယ်။ ထုတ်​တော့ရယ်မ​ပြောကြ။

ဒီ​လောက်ဆို မိသားစုကိုစွန့်ခွာပြီး
ဘဝသစ်တစ်ခုကိုအချစ်နဲ့ဖန်တီးလို့ပင်ရတဲ့
အ​နေအထားတစ်ခုပင်။
လျှို့ဝှက်လှည့်စားခြင်း​တွေသာ
မရှိခဲ့ဘူးဆိုရင်​ပေါ့။

ည​နေပိုင်း​ရောက်​တော့ လမ်း​လျှောက်လို့​ကောင်းတဲ့
ပန်းခြံ​လေးတစ်ခုဆီကို ​ဂျောင်ဂုတို့တ​တွေ
​ရောက်လို့​နေကြသည်။ ခါတိုင်းနဲ့မတူဘဲ
​ပေါ့​ပေါ့ပါးပါးနဲ့လူငယ်ဆန်တဲ့အဝတ်အစား​တွေ
ဝတ်ဆင်ထားတဲ့​ဂျောင်ဂုဟာ တစ်မျိုး
ကြည့်လို့​ကောင်းသည်။ ဇာတ်တိုက်ထားတာမဟုတ်​ပေမယ့် နှစ်ဦးသားအတူဟာ အပြာ​နုရောင်ဝမ်းဆက်ကိုဒီဇိုင်းကွဲပြီး ဝတ်ဆင်ထားကြတယ်။

တကယ်လို့ဒီအချိန်က ချစ်သူ​စဖြစ်တဲ့အချိန်၊
နှစ်​ယောက်သားအချစ်ထဲနစ်မွန်း​နေတဲ့အချိန်ဆိုရင်
မတိုင်ပင်အ​ရောင်တူအဆင်ကွဲဝတ်မိတဲ့
သူတို့အဖြစ်ဟာ သိပ်ကြည်နူးဖို့​ကောင်း​နေမှာပင်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Tempat cerita menjadi hidup. Temukan sekarang