A CHANCE _ 3

523 35 0
                                    

အိပ်နေရင်း မျက်နှာပေါ် ကျရောက်လာသော အလင်းရောင် စူးစူး တို့ကြောင့် မထ ချင်ပေမယ့် ထရတော့သည်။အိပ်ချင်မူးတူးဖြင့်ထထိုင်ကာ

"ဟာ တောက်! လိုက်ကာတွေကို အလိုက်မသိ ဘယ်သူလာဖွင့်ထားတာလဲ"

ပြောသာပြောနေတာ မျက်လုံးကမဖွင့်သေး။

"ကိုယ်ဖွင့်ထားတာလေ"

ထိုအခါမှ မျက်လုံးဖွင့်ကာအသံလာရာဘက်ကိုကြည့်လိုက်တော့ ကုတင်ခြေရင်းက  sofa ပေါ်မှာ အခန့်သားထိုင်နေတဲ့ Jennie Kim။

"ဟင် မ"

"ဟုတ်တယ် ကိုယ်ပဲ"

"ခင်ဗျား ကဒီကိုဘာလာလုပ်တာလဲ"

ဪစောစောကကျ မ တဲ့ အခုကျခင်ဗျားဆိုတော့ ဒီကလေးလေး စိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့။

"ဘာလာလုပ်ရမှာလဲ ယောင်းငယ် ဆီလာတာပေါ့ ယောင်းငယ်ကို လွမ်းလို့လေ"

ဟုဆိုပြီး ကလေးငယ် အနားသွား၍ ရှုပ်ပွနေတဲ့ ဆံပင်တို့ကို လက်ဖြင့်ရှင်းပေးကာပြောလိုက်သည်။ဆံပင်တွေ ရှုပ်ပွနေတာတောင် လှရက်လွန်းတဲ့ ကျွန်မရဲ့ ကလေးငယ်ပါ။

"ဖယ်စမ်းပါ အပိုတွေပြောမနေနဲ့ သွား"

"ယောင်းငယ်ရယ် မမ တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူးနော် မမ ကတိပေးပါတယ်"

"အားးးးးးး!!! မုန်းတယ် မုန်းတယ် အဲ့လိုကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ်နဲ့ ဖျက်တဲ့လူတွေကို မုန်းတယ် ဟိုလူကြီးရော ခင်ဗျားရော အတူတူပဲ သွားကြ သွား မလာနဲ့ သွားးးးးးးးးးးး!!!"

ဟု နားနှစ်ဖက်ကို ပိတ်ကာ အော်နေလေတော့သည်။

"ယောင်းငယ် ယောင်းငယ် သတိထားပါဦး မမ တောင်းပန်ပါတယ် စိတ်ကိုလျှော့ပါဦး ကလေးရယ်နော်"

ဟုဆိုကာ ကလေး ရုန်းနေတဲ့ထဲကနေ မရရအောင် ရင်ခွင်ထဲဆွဲသွင်းကာဖက်ထားရသည်။ဒီအတိုင်းလွှတ်ထားရင် ယောင်း‌ငယ် ဘာဆက်ဖြစ်မယ်ဆိုတာ ကိုယ်သာအသိဆုံးမလား။

"ဖယ် မဖက်နဲ့ ဖယ်လို့ပြောနေတယ်လေ"

"ယောင်းငယ်ရယ် စိတ်ကိုလျှော့ပါ မမ ဘာလုပ်ပေးရမလဲဟင် ယောင်းငယ်ကျေနပ်အောင် မမ ဘာလုပ်ပေးရမလဲဟင်"

A CHANCEOnde histórias criam vida. Descubra agora