A CHANCE _ 4

438 26 0
                                    

"Irene ညီမလေး စတိုးခန်းထဲက ဒီလိုပန်းကန်လေး ၅လုံးလောက် သွားယူပေးပါဦး အမ စောနကသွားယူတာ လိုနေလို့"

"ဟုတ်ကဲ့ အမ ညီမသွားယူ ပေးမယ်"

"အေးအေး ကျေးဇူးပါကွယ်"

"ဟုတ်ကဲ့"

စတိုးခန်းထဲတွင် ပန်းကန်များယူနေစဉ်

"Irene ပင်ပန်းနေပြီလား"

"အမ‌ေလး လန့်လိုက်တာ"

အနောက်ကနေ ရုတ်တရက် ခေါ်လိုက်တာမို့ လန့်သွားကာ ကိုယ်လေးပါတုန်တက်သွားရသည်။

"မပင်ပန်းပါဘူး ဂျာကြီး"

"ဒီမှာနေရတာရော အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ပြေပါတယ်"

"အဆင်မပြေတာရှိရင် ချက်ချင်းပြောနော် Irene အတွက်ဆို ကိုယ်က ကူညီဖို့အဆင်သင့်ပဲ"

Irene's mind  'အရေးထဲ ဂျာကြီးက'

"ဟုတ်ကဲ့ အခုလိုပြောတဲ့အတွက် ကျေးဇူးတင်ပါတယ် အကူအညီကတော့မလိုပါဘူး လုပ်စရာလေးရှိလို့ ခွင့်ပြုပါဦးရှင့်"

"နေ နေပါဦး Irene ရယ်"

ဟုဆိုကာ လက်ကို ဆွဲထားလေသည်။

"ဒီလိုမလုပ်ပါနဲ့ ကျွန်မလက်ကိုလွှတ်ပါ အခြားသူတွေ မြင်သွားရင် မကောင်းပါဘူး"

"ဒီအတွက်တော့ စိတ်မပူပါနဲ့ ကိုယ် ဂျက်ချထားပါတယ်"

"ရှင် 😧 ဂျာကြီး! ကျွန်မကို ဘယ်လိုအစားထဲကထင်နေလို့လဲ ရှင့်ရဲ့ ကျေးဇူး‌ေတွရှိနေလို့ ဘာမှမပြောတာကို ရောင့်တက်မလာပါနဲ့ ကျွန်မရှင်နဲ့ ပြဿနာမဖြစ်ချင်ဘူး အခုရှေ့ကဖယ်ပါ"

"😏 မူ‌မနေပါနဲ့ကွာ သူများနိုင်ငံမှာ နေရတာ ပိုက်ဆံလိုတယ်မလား ငါ့အလိုကို ဖြည့်ပေးရင် မင်းလိုတာအားလုံးကိုလည်း ငါဖြည့်ဆည်းပေးမယ် ဘယ်လိုလဲ"

"😡 ရှင် ဒီလို လူယုတ်မာဆိုတာ သိခဲ့ရင် ဒီဆိုင်မှာ တောင်လာမလုပ်ဘူး လူယုတ်မာရဲ့"

"ရုန်းမနေပါနဲ့ကွာ ကိုယ်မင်းကို လုံလုံလောက်လောက်ပေးမှာပါ"

"ရှင် !"

ဒေါသများ မထိန်းနိုင်တော့တာကြောင့် ဂျာကြီးပါးကို 👋 ရိုက်ရန် ပြင်လိုက်သည်။

A CHANCEWhere stories live. Discover now