A CHANCE _ 8

393 24 1
                                    

"မောင်ရေ ထ‌ေတာ့လေကွာ"

".........."

"မောင် ထတော့ဆို"

"..........."

"မောင်!"

ဘယ်လိုမှ နှိုးမရတာကြောင့် နား နားကပ်ကာအော်လိုက်သည်။

"ဟာ ကန်းပါပြီ မ ရာ"

"ကန်းပါ‌ေစ‌ေပါ့ နိုး‌ေနရဲ့သားနဲ့ အောင်းအိပ်နေတာကိုး"

"ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကိုယ့်ချစ်သူကို နှိုးတာ ဆောင့်အော်ရလား ဘယ်လိုနှိုးရမလဲဆိုတာမသိဘူးလား"

"ဪ နှိုးတာ အခြားနည်းရှိ‌ေသးတာလား
အဲ 🤔 မသိဘူးတော့"

"မသိရင် 😒 လာမနှိုးနဲ့သွား မထဘူး ဘယ်တော့မှကိုမထဘူး"

ဟုဆိုကာ နှုတ်ခမ်းကို တစ်တောင်လောက်ထော်လျှက် တစ်ဖက်ကိုလှည့်သွားလေသည်။

"မောင်ရေ နိုးနေရင်လည်း ထတော့ကွာ အလုပ်နောက်ကျတော့မယ်"

"လူကိုခိုင်းစားဖို့ပဲတွေးနေတာ သွားမထဘူး"

"ဪ ဖြစ်ရတယ် ရှင်ပဲ ကျွန်မကို လက်ထပ်ချင်လှချည်ရဲ့ဆို ကျွန်မခင်ပွန်းဖြစ်မဲ့သူကအခုလို အပျင်းကြီး‌ေနလို့‌ေတာ့မဖြစ်ဘူးနော်"

"မ ကလည်းဗျာ 😥 မောင်ကအပျင်းကြီးတာမဟုတ်ပါဘူး နိုးတာကနိုးပြီလေ မျက်လုံးမဖွင့်သေးတာပဲရှိတာ"

"အလိုတော် 🙄 နိုးရင်လည်း မျက်လုံးဖွင့်လေ ဘာလဲ ကျွန်မက ကူပြီးဖွင့်ပေးရမှာလား"

"မ ကဘယ်လိုနှိုးနေမှန်းမှမသိတာ မျက်လုံးဖွင့်ချင်အောင်နှိုးလေ"

"ရစ်နေတာ ရစ်နေတာ ကိုယ့်ကိုယ်ကို ကလေးများထင်နေလားမသိဘူး"

"ဟုတ်တယ် မောင်က မ ရဲ့ ကလေးလေး‌"

"ဟုတ်ပါပြီ မ ရဲ့ ကလေးလေးရယ် နေဖင်ထိုးနေပြီမို့ ထတော့နော်"

"ကဲ  ပြောမရလဲ မပြောတော့ဘူး ထပြီ"

ဟုဆိုကာ နှုတ်ခမ်းကြီးဆူပြီး ရေချိုးခန်းထဲ ဝင်သွားလေရဲ့။မျက်လုံး ရောပွင့်ရဲ့လားမသိဘူး။

"မောင်ရေ မ ဒီမှာ မောင်ဝတ်ဖို့ အဝတ်တွေ ကုတင်ပေါ်တင်ပေးခဲ့တယ်နော်"

A CHANCEWhere stories live. Discover now