Part- 1

8.3K 599 33
                                    

[Unicode]
ကုတင်ပေါ် အိပ်နေတဲ့ ကျန့်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ပြီးနိုးလာတယ်။နွေးထွေးတဲ့ရင်ခွင်နဲ့ ဝေးကွာနေသလိုမျိုး အေးစက်စက်နဲ့။

သူ့ရဲ့ ခန္တာကိုယ်ဟာလည်း ကိုက်ခဲနေတာမျိုးမရှိပဲ လန်းဆန်းစွာနဲ့ပဲ။ဝတ်ရုံတွေကိုလည်း အဆင်သင့်ဝတ်ထားပြီး အနည်းငယ်ပျက်ယွင်းနေတာမျိုးတောင် မရှိဘူး။

တစ်ခုပဲ။ ညက လန်ကျန့်နဲ့အတူ ကိုယ်လက်နှီးနှောပြီးကတည်းက ပျက်ယွင်းနေတဲ့ ဆံနွယ်တွေကြားက ဆံထိုးလေးကို မတွေ့တာတစ်ခုပဲ။

ပြီးတော့ ကြာညိုနံ့လေးသင်းနေတာရယ်။

တစ်ခုခုကို သတိရသွားတဲ့ ကျန့်က ချက်ချင်းထထိုင်လိုက်တယ်။

ရှင်းသန့်နေတဲ့ စာအုပ်စားပွဲ၊ လေဝင်အောင် ဖွင့်ထားတတ်တဲ့ လိုက်ကာစရယ်။ရေချိုးခန်းကို ဆွဲဖွင့်လိုက်တော့ ဇာမဏီနန်းဆောင်ထက် ကျယ်ဝန်းနေတဲ့ ရေချိုးခန်းရယ်။

နောက်အခန်းထဲ ဝင်လာတဲ့ ရှောင်ကျီးမဟုတ်တဲ့ အားလီရယ်။

"ကြင်ယာတော် နိုးပါပြီလား "

"အင်း "

"ရေချိုးဖို့ ပြင်ရပါမယ် မယ်မယ် "

"အင်း "

တစ်ခုခုကို စွန့်လွှတ်ရလိုက်သလို ခံစားနေရတဲ့ စိတ်ကို ထိန်းလိုက်ပြီး အားလီပြင်ပေးသမျှ ခံယူနေတယ်။

မင်္ဂလာဝတ်စုံကို ဝတ်ဖို့ပြင်လိုက်တော့ ဝေ့ရင်းဘဝက ကွေ့ဖေးမင်္ဂလာဝတ်စုံလေးကို သတိရတယ်။

မင်္ဂလာဦးဆောင်းပဝါအောက်မှာ ထိုးရမဲ့ ဆံထိုးကိုမြင်တော့ လန်ကျန့်ရဲ့ နှင်းဆီပန်းပုံ ဆံထိုးလေးကို သတိရမိတယ်။

မင်္ဂလာဦးဆောင်းပဝါလေးကို လွှားလိုက်တော့ ဝေ့ရင်းဘဝက ပဝါကိုဖယ်ပေးတဲ့ လက်တစ်စုံကို အမှတ်ရမိတယ်။

နာရီအတန်ကြာပြီးမှ ပြင်လို့ပြီးသွားတဲ့ ကျန့်ကို အားလီက ချီးကျူးတယ်။

"ကြင်ယာတော်က လှလိုက်တာ။အိမ်ရှေ့စံမြင်ရင်တော့ သဘောကျမှာ သေချာတယ် "

အားလီရဲ့ စကားကို နားထောင်ပြီး တယုတယနဲ့ ဆံနွယ်တွေကို ဖီးပေးတဲ့ ဝေ့ရင်းမယ်တော်ကို လွမ်းမိတယ်။

 ( Season 2 Of REVENGE ) ( COMPLETED )Where stories live. Discover now