Part- 3

5K 472 17
                                    

[Unicode]
ကျန့်လည်း ပန်းချီအား အပြီးသတ်ဆွဲကာ ရေချိုးရန် ပြင်လိုက်သည်။

Darling ပြန်လာလျှင်လည်း ရှောင်အိမ်တော်ကို သွားရမည်မို့ အချိန်မကြာစေရန်သာ။

ဤသို့ဖြင့် ကျန့်သည် ရေချိုးခန်းအတွင်းသို့ ဝင်ကာ ရေချိုးနေမိသည်နှင့် စံအိမ်တော်သို့ ပြန်ရောက်လာသော ကားတစ်စီးကို မသိလိုက်မိပါပေ။

ရိပေါ်သည် နန်းရေးသဘင်ကို စိတ်ပါဝင်စားဟန်ဖြင့် တက်နေရသော်လည်း ရှောင်အိမ်တော်မှ ရှောင်ကတော်နေမကောင်းသည်ဟု သတင်းကြားသဖြင့် စိုးရိမ်နေမည့် ကျန့်အားစိတ်ပူစွာဖြင့်် အမြန်ပြန်ရန်သာ စိတ်လောနေမိသည်။

အိမ်တော်သို့ပြန်ရောက်ချိန်တွင် လာကြိုနေကျနေရာတွင် မရှိသောကြောင့် အခန်းတွင်းသို့ ဝင်လာသည့်အခါ ရေချိုးခန်းတံခါးကို ဖွင့်ကာ ပြန်ထွက်လာသော ကျန့်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာသွားရသည်။

"Darling ပြန်ရောက်ပြီလား "

ဆံနွယ်တွေကို ဖြေချထားပြီး သုတ်နေကာ Bath rob တစ်ထည်သာ ဝတ်ထားသော ကျန့်ကို ခေါင်းအစခြေအဆုံးကြည့်ရင်း အာခေါင်ပင်ခြောက်ချင်သလိုဖြစ်လာရကာ ခါးသိမ်သိမ်လေးကို ဆွဲဖက်ကာ မွေ့ယာပေါ် ပစ်ချလိုက်ကာ အပေါ်မှ အုပ်မိုးလိုက်သည်။

"အင့် ..."

ဒီလူသားလေး။

ပြည်ပတွင် ပညာသင်နေစဥ်က မယ်တော်ပို့ပေးခဲ့သည့် သူ့ပုံများတွင် ကျန့်သည် အေးစက်စွာ မပြုံးမရယ်ဖြင့် အများဆုံးဖြစ်သည်။

ရယ်နေတဲ့ပုံလေးဖြစ်ဖြစ် ပေးပါလား ဆိုစဥ်က မယ်တော်က ကျန့်လေးရဲ့ ရယ်တဲ့ပုံမရှိဘူးဟု ပြန်ဖြေခဲ့သေးသည်။

ထိုစဥ်ကပင် ဒီကျောက်ရုပ်လူသားလေးအား စွဲလမ်းခဲ့ပါသည်။

လန်ကျန့်ဘဝကူးပြောင်းစဥ်ကလည်း ဝေ့ရင်းကို ကျန့်မှန်းမသိဖြစ်ကာ ကျန့်နှင့်တူသည်ဟု ထင်ခဲ့သည်။သို့သော်ယခုဘဝသို့ ပြန်မပြောင်းစဥ်က လန်ကျန့်ကိုယ်တိုင်က ဝေ့ရင်းသည် မူလပိုင်ရှင်မဟုတ်ပဲ ကျန့်ဟု ပြောခဲ့သည်။

 ( Season 2 Of REVENGE ) ( COMPLETED )Where stories live. Discover now