Ending Part- 6

5.9K 574 24
                                    

[Unicode]
ဖက်ထုပ်ပန်းကန်ကိုင်လို့ အခန်းထဲ ဝင်လာသူကို ကျန့်ကတစ်ချက်ကြည့်ကာ ပြုံးပြီး ထိုးလက်စသိုးမွှေး ခေါင်းစွပ်လေးကို ဘေးသို့ချလိုက်သည်။

"Darling ဘာလုပ်နေလဲ "

"မနေ့က ထိုးထားတဲ့ ခေါင်းစွပ်လေး အပြီးသတ်နေတာပါ "

"Darling ကလဲ ထားလိုက်ပါဆို "

8 လမျှ ရှိပြီဖြစ်သော ဗိုက်ပူပူလေးကြောင့် ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သော ကျန့်ကို ရိပေါ်က အပြေးလေးတွဲပေးရသည်။

"Darling လမ်းလျှောက်ချင်လို့လား "

"အင်း လေအေးအေးလေး ရှူချင်လို့ "

"Rose Garden သွားမလား "

"အင်း "

စံအိမ်တော်ရဲ့ ဘေးတစ်ဖက်က ရေကူးကန်နောက်တွင် အင်မတန်များပြားလှသော နှင်းဆီမျိုးစိတ်များကို စိုက်ပျိုးထားသော Rose Garden ကြီးရှိသည်။

နိုင်ငံခြားမှ အလွန်ရှားပါးလှသည့် မျိုးစိတ်များသည်လည်း Rose Garden တွင် အစီအရရှိလေသည်မို့ ကျန့်က ထိုနေရာကို အမြဲလမ်းလျှောက်သွားတတ်၏။

နှင်းဆီပင်များကြားတွင်လည်း နားနေဆောင်သဖွယ် ဆောက်လုပ်ထားသော အပန်းဖြေထိုင်ခုံများ ရှိသည်မို့ ကျန့်ပျင်းလျှင် အမြဲရှိနေတတ်၏။

ယခုလည်း ကျန့်ဗိုက်လေးကို အသာထိန်းကိုင်ကာ ခါးကိုကျန်တစ်ဖက်က ဖက်လို့ ရိပေါ်နှင့် အတူ ရောက်လာပြန်သည်။

နားနေဆောင်ထဲက ခုံလေးမှာ ဝင်ထိုင်ရင်း နှင်းဆီပန်းတွေကို ငေးမောကြည့်နေတဲ့ ကျန့်ကို ရိပေါ်ကလဲ စားပွဲပေါ်လက်ထောက်ကာ ငေးနေပါသည်။

"အာ့ ကျွတ် ကျွတ် "

"Darling ဘာဖြစ်တာလဲ "

"ကလေး...ကလေးက ကန်နေတယ် "

"ဟုတ်လား "

ပြောပြောဆိုဆိုနဲ့ပင် ကျန့်ဗိုက်လေးပေါ် လက်လေးတင်လိုက်တော့ အထဲကကန်နေတာကို ခံစားလို့ရပါသည်။

"ကလေးလေး ပါးပါးကို မကန်ရဘူးလေ Daddy တို့ဆီ ရောက်လာတဲ့ အချိန်ကျရင် ကလေးနဲ့အတူ Daddy ကဆော့ပေးမယ်နော် ခုတော့ ပါးပါးကို အရမ်းမကန်ရဘူးနော် "

 ( Season 2 Of REVENGE ) ( COMPLETED )Where stories live. Discover now