Part- 5

4.5K 479 24
                                    

[Unicode]
ပျက်ချင်သလို ဖြစ်နေတဲ့ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားပြီး ကြင်ယာတော်ရှောင်ဆိုတဲ့ အမျိုးသားဘက်ကိုပြောင်းလိုက်တယ်။

"ဒီဘက်က ကြင်ယာတော်ရှောင်နော် "

ဘယ်သူထင်မလဲ။ သူမကို အရေးတယူမရှိတဲ့ မင်းသားဝမ်က မျက်နှာထားတင်းတင်းနဲ့ စူးရှရှအကြည့်နဲ့ စိုက်ကြည့်ပြီး တစ်လုံးချင်းအေးစက်စက်ပြောလာတယ်။

"ကြင်ယာတော်ရှောင်အစား ရှောင်သခင်မလို့ ခေါ်လို့ရတယ် "

တင်းမာသလိုလိုနဲ့ အေးစက်နေတဲ့ အခြေအနေကြားဝင်လာတာက မယ်တော် တစ်နည်း လက်ရှိမိဖုရားခေါင်။

"ရှောင်သခင်မဆိုတာက နည်းနည်း..."

ဟန့်တားဖို့ ပြင်နေတဲ့ မိဖုရားခေါင်ကို မင်းသားဝမ်က စကားတစ်ခွန်းနဲ့ သတ်ချတယ်။

"ဒီမင်းသားဝမ်ရိပေါ်ရဲ့ တရားဝင် ကြင်ယာတော်ဖြစ်တဲ့ သူက စံအိမ်တော်ကို အုပ်ချုပ်ရသူမို့ ရှောင်သခင်မလို့ ခေါ်တာက ပိုသင့်တော်ပါတယ်။ မယ်တော်"

"Darling!! "

"Darling ကိုယ့်ကိုအသီးလေး ပြင်ပေးမလား "

ကျန့်ကို နေရခက်စေတဲ့ အခြေအနေက ထွက်ဖို့ ရိပေါ်က ငြင်ငြင်သာသာလေး ပထုတ်တယ်။

"အင်း ခဏစောင့် Darling ပြင်ပေးမယ်နော် "

"ရှီးအာကူပေးပါရစေနော် ရှောင်သခင်မ "

"ရတာပေါ့ သမီးရှီးအာ လိုက်သွားချည်"

"ဟုတ်ကဲ့ "

စားလက်စအသီးပန်းကန်ကိုင်လို့ ပြန်ပြင်ဖို့ ဝင်လာတဲ့ ကျန့်နောက်က နမ်ရှီး ဆိုတဲ့ အမျိုးသမီးက ကပ်လျက်ပါလာတယ်။

" သခင်မ အိမ်အကူမထားဘူးလားဟင်"

"သန့်ရှင်းရေးတော့ လာလုပ်လေ့ရှိတယ် အိမ်အကူသီးသန့်တော့ မထားဘူး "

"ဪ ရှီးအာအသီးကူလှီးပေးမယ်နော်"

ကျန့်ကိုင်မဲ့ ဓားကို ယူလို့ ပန်းသီးခွာဖို့ ပြင်လိုက်တဲ့ ရှီးအာက တမင်သက်သက် လက်နှစ်ချောင်းကို လှီးချပစ်တယ်။

"အား!!!"

မီးဖိုထဲက အော်သံကြောင့် ရိပေါ်ဝင်လာတော့ ဓားကိုင်ပြီး သွေးတစ်စက်စက်ကျနေတဲ့ နမ်ရှီးရယ်။

 ( Season 2 Of REVENGE ) ( COMPLETED )Where stories live. Discover now