Part- 2

5.8K 540 44
                                    

[Unicode]
"ဘယ်လိုဖြစ်နိုင်မှာလဲ။ လန်ကျန့်နဲ့ ဝမ်ရိပေါ်က တစ်ယောက်တည်းဘယ်လိုဖြစ်နိုင်မှာလဲ "

"ဖြစ်နိုင်တာပေါ့ Darling ရဲ့။ ကျန့်လိုပဲ ကိုယ်ကလည်း လန်ကျန့်နေရာကို အစားထိုးထားတဲ့ ရိပေါ်ဆိုရင်ရော "

"ဒါ...ဒါဆို လန်ကျန့်ကလည်း ..."

"အင်း  လန်ကျန့်က ဝေ့ရင်းကို ချစ်ခဲ့တာ။နောက်ကျမှသိလိုက်ရတော့ ကိုယ့်ကို အစားထိုးဝင်ခိုင်းခဲ့တာ။ "

"ဒါဆို ဝေ့ရင်းက ကျန့်ဆိုတာကို သိနေခဲ့တာလား "

"ကိုယ်က အစက မသိပါဘူး။ လန်ကျန့်ပြောပြလို့ သိခဲ့တာလေ အဟင်း "

ကျန့်ဆက်မပြောနိုင်တော့။

လန်ကျန့်က ရိပေါ်ဆိုတာနဲ့တင် ဝေခွဲရခက်နေပြီဖြစ်သည်။

ငေးငေးတွေတွေလေး ဖြစ်နေသူကို ခါးမှပိုတင်းတင်း ဖက်လိုက်သည်။

❤❤❤❤❤❤❤❤❤❤❤❤

နှစ်လခန့်ကြာပြီးနောက်✍✍

မနက်စာစားဖို့ ထမင်းစားပွဲပေါ်ထိုင်နေတဲ့ ရိပေါ်က အေပရွန်လေးဝတ်ပြီး ချက်နေသည့် ကျန့်ကို ငေးကြည့်နေသည်။

ရှည်လျားသော ဆံနွယ်တို့ကို ခေါင်းစည်းကြိုးလေးဖြင့် ချည်ကာ သူ့ရှပ်အင်္ကျီအပွကို ဘောင်းဘီတိုလေးဖြင့် ယူဝတ်ထားသူက ကပိုကရိုလေးဖြင့် လှနေသည်။

တော်ဝင်ကြင်ယာတော်တိုင်းက ရိုးရာဝတ်စုံပဲ ဝတ်ရသော်လည်း ကျန့်ကိုတော့ နန်းတော်သွားသည့် တစ်ချိန်နှင့် အပြင်ထွက်မှသာ ဝတ်စေသည်။ကျန့်ကိုယ်တိုင်က ယောင်္ကျားလေးဖြစ်သည့်မို့လည်း မွန်းကျပ်မှုမဖြစ်စေချင်ပေ။

စံအိမ်တော်ကို အလုပ်သမားများက အမြဲလာလေ့မရှိပဲ တစ်ပတ်နှစ်ခါမျှသာ သန့်ရှင်းရေးလုပ်ရန် လာလေ့ရှိသည်။

ကျန့်ကိုယ်တိုင်ကလည်း သူ့အတွက် ပြင်ဆင်ပေးပြီး လွတ်လွတ်လပ်လပ် နေစေချင်သည်မို့ မခေါ်ထားထာဖြစ်သည်။

အချက်အပြုတ်တွင်သာ အာရုံရှိနေသူကို နောက်မှခါးသိမ်သိမ်လေးကို ရုတ်တရက်ဖက်လိုက်လျှင်

 ( Season 2 Of REVENGE ) ( COMPLETED )Where stories live. Discover now