ep-3 (Z+U)🍁

12.1K 808 12
                                    

2နှစ်တောင်ရှိလာခဲ့ပြီ..အက်ဒီ့အမျိုးသမီးနဲ့အတူနေလာတာ..
အဂ္ဂတောင် တတိယနှစ်ရောက်နေပြီလေ မနက်နိုးတော့ ကျောင်းသွား..။ ညနေဆိုနေဝင်ခါနီးမှပြန်လာ ၊ အက်မိန်းမကိုမတွေ့ချင်လို့ တမင်ရှောင်နေတာ အခုချိန်ထိပေါ့..။

ကျောင်းပိတ်ရက်လဲမို့လို့  ပေါ့ပေါ့ပါးပါး တီရှပ်လက်တိုခဲရောင်ကို ဘောင်းဘီတိုနဲ့တွဲဝတ်ထားလိုက်သည် ။ တခါတလေမှ အိမ်ကပ်သော အဂ္ဂမောင်ပါ..!

"ဟယ် အဂ္ဂသူငယ်ချင်းတွေလား.."

"ဟုတ်တယ် အမ ..အဂ္ဂရှိလား.."

"ရှိတယ် ကလေးတို့ ခဏလေးနော် ..ထိုင်ကြအုန်း အမခေါ်ပေးမယ် .."

မြူလဲ မတက်ရဲတက်ရဲနဲ့ ထိုကလေးအခန်းနားသို့ သွားလိုက်သည်။

ဒေါက် ....ဒေါက်..

အဂ္ဂလဲတံခါးသံကြားလို့ ဖွင့်လိုက်တော့ "ဘာကိစ္စရှိလို့လဲ.."
စကားကိုဘုကလန့်ပြောလိုက်သည်။

"ဟို အောက်မှာ မင်းသူငယ်ချင်းနှစ်ယောက်ရောက်နေတယ်.."

"အယ် ဟုတ်လား .."

သူငယ်ချင်းဆိုတာနဲ့ပြုံးရောင်သန်းသွားတဲ့ ထိုကောင်မလေး...။

အောက်ကိုရောက်တော့ "ကလေးတို့ ခဏနေအုန်းနော် အမကော်ဖီဖျော်ပေးမယ်.."

"ဟဲ့ အဂ္ဂ နင့်မိထွေးလေးက အချောလေးပဲ.."

နဒီကလဲ "ဟုတ်တယ်ဟ ငါသာယောင်္ကျားလေးဆို အဟိ.."

"ဟဲ့ ကောင်မ ဖွန်မနေနဲ့ ...ကော်ဖီလာပြီ သောက်"

အေးဆေးနေပြီးမှ ပြန်နော်ကလေးတို့..။ ဟုတ်ကဲ့ အမ..။
မြူလဲ ကော်ဖီချပေးခဲ့ပြီး..မီးဖိုချောင်ထဲ၌သာဝင်ကူနေလိုက်သည် ။

"လာကြ ငါ့အခန်းထဲသွားကြမယ်.."

ပိတ်ရက်အိမ်တွေ ဘာတွေလာလည်လို့..ဘယ်မှမလစ်ကြဘူးလား ။ အေးဟယ် ငါတို့လဲဘယ်မှမသွားချင်လို့ နင့်ဆီပဲလာလိုက်တာ..၊ ငါတို့တွေ MLတိုက်ကြတာပေါ့ ခ်ခ် ..။

အခန်းထဲမှ ဆူညံသံတွေက မီးဖိုချောင်ထဲထိတောင် ကြားရသည် ။ (အဂ္ဂတို့ သောင်းကျန်းချက်🤭)

"အော် ဒီကလေးတွေကတော့ဆူညံနေတာပဲ..ဘယ့်နှယ့် မိန်းကလေးတွေဖြစ်ပြီးတော့.."

My Stepmother Is , My Girlfriend Where stories live. Discover now