ep-8(Z+U)🍁

12.3K 678 13
                                    

ကျွန်းတွေအကုန်လျှောက်လည်ပြီး ညနေရောက်တော့ အဂ္ဂတို့ပြန်ခဲ့ကြသည်။
ကားမှန်နားမှာထိုင်နေတဲ့ အမဘေးနားကိုဝင်ထိုင်လိုက်ကာ
"အမ "

"ပြောလေ ကလေး.."

"ချစ်တယ်.."

"အို ဒီကလေးကတော့ ကားပေါ်ကျိမှာကို "

ကလေးငယ်က နားနားလေး ကပ်ကာ တိုးတိုးလေးပြောတာဆိုပေမဲ့ ရင်ခုန်ရသည်မှာ မြူ ပင်ဖြစ်သည်။ ပြုစားတတ်လိုက်တာ ကလေးငယ်ရယ်..

တလမ်းလုံး အဂ္ဂတို့အိပ်ကာ လိုက်လာကြသည်။ အမကို အဂ္ဂရင်ခွင်ထဲ အိပ်စက်စေကာ အိမ်ကိုပြန်ရောက်သည် အထိ..၊ ကြီးမေတို့ကတော့ ဒီတိုင်းအမကို အဂ္ဂ မမုန်းလောက်တော့ဘူး ထင်ချင်ထင်နေမှာပေါ့ ..။
နဒီနဲ့ဖြူ တို့ကို ဝင်ပို့ပေးပြီး အိမ်ပြန်ရောက်တော့ အခန်းကိုယ်စီ ဝင်ကာနားလိုက်ကြသည် ။

ငွေဆောင်ကပြန်ရောက်တဲ့နောက်ပိုင်း ဒယ်ဒီမရှိတဲ့ အချိန် အမအခန်းထဲသို့ ဝင်ကာ လစ်ရင်လစ်သလို နမ်းသည် ။ အဂ္ဂဘက်ကသာ ချစ်တယ် တဖွဖွပြောနေတာ သူမကတော့ အဖြေဆိုတာ ဘယ်နားမှာမှန်းမသိ..။ တခါတခါ အဂ္ဂသူမနဲ့ ရှိနေချိန် ဒယ်ဒီရောက်လာရင် အမူရာကတမျိုးပြောင်းချင်ပြောင်းသွားရော..၊ အမစိတ်ကို မခန့်မှန်းတတ်တော့ဘူး..

ဘယ်မှမသွားချင်လို့..အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ 12:00ပင်ထိုးသွားသည်။
လူလန်းသွားအောင်ရေချိုးလိုက်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည် ။ ဧည့်ခန်းထဲရောက်တော့ ဒီနေ့ဒယ်ဒီ အလုပ်မသွားဘူး ထင်ပါရဲ့ .. အမက သူ့အနားမှာထိုင်နေသည် ။

"သမီးလေး ဒီနေ့အပြင်တွေပါတွေ မသွားပါလား."

"ဒီနေ့ မသွားချင်လို့ တခါတလေ အိပ်ကပ်ကြည့်တာ ဟိဟိ..ကြီးမေနဲ့ မမော်ရော"

"ခုလေးတင် ဈေးဘက်ကို ဝယ်စရာရှိလို့သွားကြတယ် ၊ စားချင်တာတခုခုရှိရှင် မြူ လေးကို လုပ်ခိုင်းလေ "

အဂ္ဂmind's စားချင်တာပေါ့ ဒယ်ဒီ့မိန်းမကို..!

"ဘာစားချင်လဲ တို့လုပ်ပေးမယ်လေ "

"ပေါင်မုန့်ကြက်ဥကြော်စားချင်တယ် " ပြောကာ အမနဲ့အတူ လိုက်သွားလိုက်သည်။ ဒယ်ဒီကတော့ သတင်းစာဖတ်ကာ ဧည့်ခန်းထဲတွင် ကျန်နေခဲ့သည်။

My Stepmother Is , My Girlfriend Where stories live. Discover now