ep- 9 (Z+U)🍁

10.3K 658 19
                                    

အိပ်ယာမှထလိုက်ကာ ခြံထဲသို့ထွက်လာလိုက်သည် ။ အသက်ကိုခပ်ပြင်းပြင်းရူလိုက်ပြီး.. ကောင်းကင်ပြာကြီးကိုသာ မော့ကြည့်နေလိုက်သည် ။

"မောင် "

အသံကြားလို့ လှည့်ကြည့်လိုက်တော့ Roseဆိုသည့်အမ ပင်ဖြစ်သည်။

"ဟိုလေ အဂ္ဂကို ခေါ်လိုက်တာလား "

"ဟုတ်တယ်လေ မင်းနာမည်က အဂ္ဂမောင်မလား ၊ မောင်လို့ပဲအဖျားစွတ်ခေါ်လိုက်တာ အဆင်ပြေတယ်မလား.."

"ပြေတော့ပြေပါတယ် အဂ္ဂလို့ပဲသုံးနေကြမို့လို့ မောင်ဆိုတော့တမျိုးကျိဖြစ်သွားလို့ပါမမRoseအဆင်ပြေသလိုခေါ်ပါ ရပါတယ်."

"ကောင်းပြီလေ ..မင်းကျောင်းကိစ္စပြောမလို့.."

ထိုင်ခုံမှာထိုင်လိုက်ကာ သူမပြောနေသည်ကို ဂရုတစိုက်နားထောင်လိုက်သည် ။

"မင်းက အလုပ်နဲ့ပတ်သက်ပြီး ကျောင်းတက်မှာဆိုတော့ 2နှစ်လောက်တော့တက်ရမယ် ။ ဒီကနေပြန်သွားရင်လဲ မင်းဒယ်ဒီရဲ့ကုမ္ပဏီမှာတခါထဲ ဝင်ဦးစီးလို့ရတာပေါ့ တို့ကုမ္ပဏီမှာ ဝင်လဲရတယ်.. မနက်ဖြန်စတက်မယ်မလား "

တနှစ်လောက်ပဲဟု မှန်းထားပေမဲ့ 2နှစ်ဆိုတော့လဲ တက်လိုက်မည်ဟု ဆုံးဖြတ်ကာ
"အဂ္ဂ တက်ပါမယ်.."

"Okလေ တို့စီစဉ်ပေးမယ်.."

မြူလဲ ထိုကလေးငယ် ထွက်သွားပြီးတဲ့နောက် ပိုချစ်လာတယ်ဆိုတာ သိလိုက်ရသည် ။ မင်း အနမ်းလေးတွေ သိပ်လွမ်းတာပဲ ကလေးငယ်ရယ်..

"မြူ  "

အကိုကြီးခေါ်သံတို့ကြောင့် အတွေးစတွေကို ဖြတ်လိုက်တော့သည် ။

.......................................

အဂ္ဂလဲ နောက်နေ့ရောက်တော့ သူမစီစဉ်ပေးတဲ့အတိုင်း တက်လိုက်သည် ။ တခါတလေကျောင်းပြန်လာရင် Roseဆိုသည့်သူမနှင့် ဆုံချင်မှဆုံသည် ၊ အတူနေတာဆိုပေမဲ့ မျက်နှာချင်းတောင်မဆိုင်မိတာပါ....

အမကိုလွမ်းလိုက် စာတွေပဲအာရုံစိုက်လုပ်လိုက်နဲ့ အချိန်တွေကုန်လာတာ တနှစ်တောင်ပြည့်တော့မယ်လေ ၊ သူမရော နေကောင်းပါ့မလား အဂ္ဂကိုရော လွမ်းနေမလား..အက်အတွေးတွေကအချိန်တိုင်းစိုးမိုး...၊

My Stepmother Is , My Girlfriend Where stories live. Discover now