ep- 12(Z+U) 🍓

11.5K 661 30
                                    

မြူ လဲ အလုပ်တွေ အပြီးသတ်ကာ အိပ်ရန်ပြင်လိုက်သည် ။ ကလေးငယ်ကို ကြည့်လိုက်တော့ အိပ်ပျော်နေသည် ထင်ပါရဲ့..
စောင်လေးခြူံ ပေးပြီး  ကျောပေး၍ အိပ်လိုက်သည် ။

အဂ္ဂmind's ဟင်း ဒီလိုတော့ဘယ်ရမလဲ ကျောပေးပြီး အိပ်တယ်ပေါ့ ဟွန့် ..
အနောက်ကနေ ခါးလေးကို တင်းကြပ်နေအောင် ဖက်ထားလိုက်သည် ။

" ဟင် .. ကလေး "

ဘာမှပြန်မပြောပဲ ဆံနွယ်လေးတွေကို အမြတ်တနိုးနဲ့ နမ်းရှိုက်နေလိုက်သည် ။ ခဏကြာတော့ အဂ္ဂဘက်ကို မမလှည့်လာသည် ။ရင်ခွင်ထဲကို အတင်းတိုးဝင်လိုက်ကာ.

"မမသိလား အဂ္ဂလေ ..ဟိုမှာရှိနေတဲ့ရက်တွေ တရက်မှ မေ့မရခဲ့ဘူး..၊ အချိန်တိုင်း မမကိုပဲ သတိရနေခဲ့တာ ။

မမ "

"ရှင်..."

"အဂ္ဂကို ချစ်တယ်မလားဟင် "

"တို့ ..တို့ စဉ်းစားပါရစေအုန်း ကလေးရယ် ၊ ကဲ မ တို့ ချစ်သူတွေ ဖြစ်သွားပါပြီတဲ့ ..အရင်ဆုံး ကန့်ကွက်မှာက ကြီးမေပဲ.. ၊ တို့က ကလေးဒယ်ဒီရဲ့ မိန်းမလဲဖြစ်ခဲ့ပြန် ၊ပြီးတော့ မိန်းကလေးအချင်းချင်း..ပတ်ဝန်းကျင်ကရော ၊ အို...တွေးကြည့်ရုံနဲ့တင် ဘယ်လိုမှမဖြစ်သင့်ဘူး ကလေးရယ် .."

"ဟာ  မမကလဲ အက်ပတ်ဝန်းကျင်တွေ ဂရုစိုက်စရာလား အဓိကက အဂ္ဂ မမကို ချစ်တယ် ၊ မမလဲ အဂ္ဂကိုချစ်ရင်ရပြီ ၊ ကျန်တာအကုန် အဂ္ဂရင်ဆိုင်မယ် ..မမ အဂ္ဂဘေးမှာရှိနေပေးရင် ရပြီ ..နော် "

"ဟုတ်ပါပြီရှင် ..တို့ စဉ်းစားပေးမယ်နော် .."

"အာ့ဆိုရင်လေ ချစ်သူတွေမဟုတ်ပဲနဲ့ရော နမ်းလို့ရလား "

"ဟယ်...အက်ဒါ..."

မြူ စကားပင်မဆုံးသေး ကလေးငယ်နှုတ်ခမ်းပါးလေးက မြူ့ နှုတ်ခမ်းလေးကိုထိကပ်လာသည် ။
ကလေးငယ်ရဲ့အနမ်းတွေကို အရမ်းလွမ်းနေခဲ့ရသူမလား..။ မြူ့ ဘက်က တဖန်အနမ်းလေးပြန်ပေးတော့ အနမ်းတွေက အရိုင်းဆန်လာသည် ။ နှုတ်ခမ်းလွှာလေး ဖွင့်ဟပေးလိုက်တော့ ကလေးရဲ့ လျှာလေး ထိုးသွင်းလာပြီး လျှာလေးနှစ်ခု ထိုးစစ်ဆင်နေတော့သည် ။

မမနှုတ်ခမ်းပါးလေးကို ဘယ်လောက်တပ်မက်လဲဆိုတာ ကိုယ်ကိုယ်တိုင်သာ သိသည်။ အပေါ်တလှည့်အောက်တလှည့် အားပါပါနမ်းရှိုက်နေမိသည် ။
အနမ်းတွေ တဖြည်းဖြည်းနက်ရှိုင်းလာကာ အသံပင်ထွက်သည် အထိနမ်းရှိုက်နေမိသည်။ ခဏကြာတော့ နှစ်ယောက်လုံး oxygenလိုအပ်လာမှ ပြန်ခွာလိုက်တော့သည် ။

My Stepmother Is , My Girlfriend Dove le storie prendono vita. Scoprilo ora