PART-2

2K 204 17
                                    

UNICODE

ဂျောင်ကုတစ်ယောက် မနက်၄နာရီမှာအဖျားတွေပြန်တက်ပြီးကယောင်ကတမ်းတွေလျှောက်အော်နေလို့ ထယ်ယောင်းမှာရေပတ်တိုက်ပေးပြီးဖက်အိပ်ပေးခဲ့ရသေးသည်။

အခုတော့ဂျောင်ကုသည်လန်းလန်းဆန်းဆန်းလေးဖြစ်ကာအိပ်ယာကနေနိုးလို့လာခဲ့သည်။

" နိုးပြီလား... "

" နိုးပြီ Morning ကိုကို~ "

အိပ်ယာပေါ်မှာအပျင်း​ကြောလေးဆန့်ရင်းအိပ်ရေးဝသွားသည့်ရုပ်ကလေးကြောင့်မနက်ခင်းသည်ပိုလို့တောင်နွေးထွေးနေဟန်ကောင်းလှသည်။

ဒါမှမဟုတ်ကောင်လေးရဲ့အပြုံးကြောင့်ပဲလား?

ထယ်ယောင်းသည်အိပ်ယာပေါ်သို့တက်ကာဂျောင်ကုရဲ့နဖူးလေးပေါ်လက်လေးတင်ကာအဖျားစမ်းကြည့်လေသည်။ ဂျောင်ကုရဲ့မျက်ဝန်းလေးတို့သည်ထယ်ယောင်းရဲ့မျက်နှာလေးအားသေချာစိုက်ကြည့်လို့နေသည်။

" အဖျားက ကျသွားပြီပဲ။ မျက်နှာသစ်ပြီးမနက်စာစားရအောင်။ ပြီးရင်ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ် "

" အင်း~~ "

စက္ကန့်ပိုင်းလေးသာနီးကပ်ခဲ့သည့်အခိုက်အတန့်ဆိုပေမဲ့ထယ်ယောင်းရင်တွေခုန်လပ်လို့နေသည်။ မျက်နှာထက်တွင်ဘာအရိပ်အယောင်မှမပြပေမဲ့သူ့ရဲ့ရင်ဘတ်ထဲမှာတော့ရင်ခုန်ခြင်းသံစဥ်တို့ပေါက်ကွဲနေသည်ကိုသူကိုယ်တိုင်သာသိပါလိမ့်မည်။

" ငါကော်ဖီမသောက်ထားပါဘူး ရင်တွေဘာလို့တုန်နေတာလဲ? "

ကိုယ့်ကိုကိုယ်ဘာအခြေအနေဖြစ်နေမှန်းမသိတော့တာမို့ရင်တုန်နေသည်ဟူသောခေါင်းစဥ်အောက်သို့ပြေးဝင်လိုက်မိသည်။ ရင်ခုန်ခြင်းခေါင်းစဥ်အောက်တွင်တော့ ကွက်လပ်ကလေးဖြစ်နေလို့ပင်။

...

မနက်စာစားပွဲလေးသည်အရင်လိုထယ်ယောင်းတစ်ယောက်ထဲမဟုတ်တော့ချေ။ သူ့အရှေ့ကပြုံးဖြီးဖြီးနဲ့အကောင်ပေါက်လေးရယ်နဲ့အတူ ထမင်းဝိုင်းလေးကအငွေ့တလူလူဖြစ်ကာ ပြီးပြည့်စုံနေသည်ဟုခံစားရသည်။

" ဂျောင်ဂု... ကိုယ်မေးစရာရှိလို့ "

" ဟင်..မေးလေ~ "

Falling in love in 5 days[VK]✔Where stories live. Discover now