PART-1

3.9K 271 21
                                    

UNICODE

သာယာလှတဲ့အောက်တိုဘာမနက်ခင်းလေးကျရောက်လို့လာခဲ့သည်။ နေရောင်ခြည်နွေးနွေးအောက်တွင်သွားလာလှုပ်ရှားနေကြသောသူတို့အတွက် သာယာနေသည့်ကောင်းကင်ကြီးသည်စိတ်ကြည်နူးဖွယ်ရာပင်။

နွေးထွေးလှသည့်နေရောင်ခြည်အလင်းတန်းလေးသည် အဖြူရောင်လိုက်ကာပါးလေးကိုဖောက်ထွင်းလျက် စောင်ပုံတွေထဲနစ်မြှုပ်နေသည့်ကောင်ငယ်လေးထံကျရောက်လို့လာခဲ့သည်။

တက်တူးများပြည့်နက်နေသောညာလက်သည်သွေးကြောများယှက်ထကာ ကြည့်ကောင်းစွာဖြင့်ရှိနေလေသည်။ ဆန်မုန့်လုံးလေးအလားဖောင်းအစ်နေသည့်ပါးမို့မို့လေးသည်ပြေးပြီးကိုက်ဆွဲချင်စရာပင်။

အုန်းသီးခေါင်းလုံးလုံးလေးကဟိုယမ်းလိုက်ဒီယမ်းလိုက်ဖြင့်... ဒီကြားထဲဟောက်သံပိစိကလေးကလည်းထွက်လို့နေသေးတယ်။

" တီတီတီ တီတီတီ~~ "

အိပ်ယာဘေးမှနှိုးစက်နာရီမြည်လာသည်မို့နာရီကိုထပိတ်ကာစောင်တွေနဲ့ရောထွေးထိုင်လျက်မဖွင့်တဖွင့်မျက်လုံးကအခုထိအိပ်ချင်မပြေသေးပုံ~

" အင့်...အိပ်ချင်သေးတယ် "

အပျင်းကြောတစ်ချက်ဆန့်ထုတ်လျက်အိပ်ယာကနေကမူးကရှူးထကာဦးတည်ရာ​ခြေလှမ်းကရေချိုးခန်းဆီသို့သာ။

အချိန်တွေကိုအလားဟပ်သပ်မဖြုန်းစေချင်။ သူ့ရဲ့တနေ့တာကိုသူစတင်ရမယ်။ သူလုပ်ရမည့်အလုပ်ကိုသူလုပ်ရမယ်မဟုတ်လား?

အပျင်းကြီးရင်ထမင်းငတ်လိမ့်မယ်တဲ့။ ဘာလို့ဆိုထမင်းရှာကျွေးမဲ့လူကိုရှာရမယ်လေ။အာ့ကြောင့် စောစောထ၊သွားတိုက်၊အိပ်ယာသိမ်း အစာစားပြီးဖူးစာရှင်လေးကိုရှာရမယ်။

ရေချိုးပြီးတာနဲ့အောက်ထပ်ကိုဆင်းကာမနက်စာစားဖို့စားပွဲတွင်ထိုင်လိုက်တော့အမေဖြစ်သူကအလိုက်သင့်မနက်စာပြင်ထားပေးထားလေရဲ့။

" Omma ကျေးဇူးပါ~~ ကောင်းကောင်းစားပါ့မယ် ဟီး~ "

အမေကိုပြုံးပြပြီးကော်ဖီတစ်ခွက်သောက်ကာမေမေ့ရဲ့လက်ရာကင်ချီထမင်းကြော်ကိုစားလိုက်တယ်။ ဖြည်းဖြည်းလေးဝါးရင်း အရသာကိုသေချာခံစားကြည့်တယ်။ အင်း...ရိုးအီသွားခြင်းမရှိဘူးပဲ။

Falling in love in 5 days[VK]✔Where stories live. Discover now