PART-5

1.6K 180 6
                                    

UNICODE

မနက်စာစားပြီးသွားတော့အတူတူကားလေးဖြင့်ကုမ္ပဏီသို့ထွက်လာခဲ့ကြသည်။ ဂျောင်ကုမှာတော့ထယ်ယောင်းနဲ့ကားပေါ်မှာပေါက်ပေါက်ဖောက်သလောက်Mallထဲရောက်တော့ငြိမ်သွားလိုက်တာများခုဏကသူမဟုတ်သလိုပင်။

ထယ်ယောင်းမှာဂျောင်ကုရဲ့လက်လေးကိုကိုင်ပြီးမောလ်ထဲသွားချင်ခဲ့တာကိုမောလ်ထဲရောက်တော့ဂျောင်ကု ကလက်ကိုအတင်းဖြုတ်ချပြီးရှေ့ကနေဦးဆောင်ထွက်သွားလေသည်။

ဓာတ်လှေကားထဲဝင်တော့ထယ်ယောင်းမှာဂျောင်ကုရဲ့ပုခုံးကိုသေချာကိုင်ကာမျက်နှာချင်းဆိုင်လိုက်သည်။

" ကိုယ့်ကိုရှောင်နေတာလား "

" ဝန်ထမ်းနဲ့အလုပ်ရှင်ကဒီလိုဖြစ်နေတာမသင့်တော်ပါဘူးCEOရယ် "

ထယ်ယောင်းသိလိုက်ပါပြီ။ ဒီကောင်လေးကသူ့ကိုစနေသည်ဆိုတာပဲ။ အိမ်း...ဇာတ်ကဖို့သာပြင်ပေတော့ကင်မ်ထယ်ယောင်းရေ~

" ဟုတ်သားပဲ အလုပ်ရှင်နဲ့ဝန်ထမ်းမသင့်တော်ပါဘူးလေ "

" Nae~~ အာ့ဆိုလက်တွေဖယ်ပေးပါတော့ "

" ဟုတ်သားပဲဖယ်ရမှာပေါ့။ ဝန်ထမ်းရဲ့ပုခုံးပေါ်ကိုဒီလက်ကဘာလို့တင်နေမိတာပါလဲ "

ကိုယ့်လက်ကိုလက်ညိုးထိုးပြီးဆူငေါက်နေလေသည်။ ဂျောင်ကုကတော့ကိုကိုက သူ့ကိုပြန်ရွဲ့ရကောင်းလားဆိုပြီးစိတ်ထဲကနေဒေါသတွေထွက်နေလေသည်။

စတာကိုစမှန်းမသိနဲ့။မှတ်ထား ပြန်ရွဲ့ပြမယ်...

ခပ်ကြိတ်ကြိပ်ပြုံးရယ်ပြီးနောက်တံခါးပွင့်သွားတော့ထိုမှထွက်လာခဲဲ့ကြတယ်။ ရုံးခန်းထဲဝင်တော့အလုပ်ရှင်ဖြစ်တဲ့ထယ်ယောင်းကတော့အလုပ်တွေရှုပ်နေသလောက် လက်ထောက်ဂျောင်ကု ကတော့အပူပင်ကင်းစွာ​ဖြင့်ဆိုဖာပေါ်၌အနားယူနေလေသည်။

မသိရင်ပေါက်စကပဲအလုပ်ရှင်လိုလို။ငါကသူ့ရဲ့အလုပ်ဝန်ထမ်းကျနေတာပဲ။ပညာလေးပေးလိုက်မှပါလေ~

" အဟမ်း~~ လက်ထောက်ဂျောင်ကု "

" ပြောပါ "

ခြေလှမ်းတစ်ဖဝါးမှမရွေ့ပဲဆိုဖာထက်ဝယ်အေးရအေးကြောင်းပြောလာသည့်ဂျောင်ကုသည် ထယ်ယောင်းမျက်လုံးထဲမှာချစ်စဖွယ်ကောင်းစွာနေရာယူနေလေသည်။

Falling in love in 5 days[VK]✔Where stories live. Discover now