PART-3

1.6K 181 6
                                    

UNICODE

အလုပ်ကိစ္စတွေအကုန်ဆွေးနွေးပြီးတော့ထယ်ယောင်းသည်ဆိုလ်းသို့ပြန်လာခဲ့လေသည်။

တီတီတီ~

သဘာဝအလှကိုရှူမျှော်နေတုန်းဖုန်းဝင်လာသည်မို့ ကြည့်လိုက်တော့Ommaဆီကပင်။ နေပါအုံး ဖုန်းနံပါတ်ကKoreaကနံပါတ်ဟ...

" အမေ့! "

" ဟဲ့ ဖြည်းဖြည်းအော်ပါဟ..."

" ဘယ်တုန်းကဒီပြန်ရောက်လာတာလဲ? ကျွန်တော်လာကြိုပါမယ်ဆိုနေ "

ထယ်ယောင်းသည်ဖုန်းလိုင်းကနေတစ်ဆင့်အမေဖြစ်သူအားရန်လှမ်းတွေ့လို့နေသည်။ သူစိတ်ဆိုးမိပါသည် အမေကနောက်တစ်ပတ်နေမှရောက်မယ်ဆိုပြီးအခုကျဘာမပြောညာမပြောဖြင့်ရောက်လာတယ်လေ။

အခုလည်းဒီရောက်မှဖုန်းဆက်တယ်တဲ့။ လူကိုစိတ်ပူအောင်လုပ်နေတာ...တော်သေးတယ်ဘေးကင်းကင်းနဲ့အိမ်ရောက်ခဲ့လို့။

" အမေအခုသားအိမ်မှာ... ညနေရောက်ရင်စောစောပြန်လာခဲ့နော်~ "

" အမေတစ်ယောက်ထဲလား? အဖေကရော? "

" မင်းအဖေကဟိုမှာမင်းအဖိုးတစ်ယောက်ထဲကျန်ခဲ့လို့စိတ်မချလို့တဲ့။ ပြီးတော့အလုပ်တွေမပြတ်သေးတာလည်းရှိသေးတယ် သူအားရင်တော့လာခဲ့မယ်တဲ့ "

" အွန်းအွန်း...ခရီးပန်း​နေတော့မှာ နားလိုက်အုံး "

" ဟုတ်ပြီသားလေး~ "

ပြတ်တောက်သွားသည့်ဖုန်းလိုင်းလေးကြောင့် ဖုန်းကိုနားမှခွာကာအိတ်ကပ်ထဲသို့ပြန်ထည့်ထားလိုက်သည်။ မနေ့ညကအိပ်ရေးပျက်ထားလို့ထင်သည် မျက်လုံးများကအားလျော့လို့နေသည်။

" ဟူးးး "

ကားမှန်ကိုချလိုက်နောက်သို့မှီချရင်းမှိန်းနေလိုက်သည်။ ဆိုလ်းကိုမရောက်ခင်ထိတော့သူအနားယူလို့ရပါသေးသည်။

///

ညနေစောင်းတော့နာရီကိုအကြည့်ရောက်တော့6နာရီတောင်ထိုးတော့မည်။ အခုမှသတိရမိတာကအမေကအိမ်စောစောပြန်လာဖို့ပြောထားတာကိုပင်။ ထိုင်ခုံမှထကာ ပစ္စည်းတွေသေချာသိမ်းပြီးကားသော့ဆွဲကာရုံးခန်းထဲကထွက်လာခဲ့လိုက်သည်။

Falling in love in 5 days[VK]✔Where stories live. Discover now