အပိုင်း[3] Arc -1(ယွီချင်းချင်း)

205 29 5
                                    


''ကဲပါ မြန်မြန် အမှတ်တွေ စုရ အောင်
တာဝန်သာ မြန် မြန်ပေးပါတော့''

သုသု စကားအဆုံးမှာတော့

666 က ပါးစပ်ကို ဟပြီး အဝါရောင်ပူဖောင်း က လေး ထုတ်လွှတ်လိုက်တယ်။

ဖောက်ခနဲ အသံနဲ့ အတူ  အဝါရောင်
အခိုးအ ငွေ့ တွေ ထွက်လာပြီး
သုသုကို ဆွဲခေါ်သွားတော့တယ်။

မူးဝေ နေတဲ့ ခံစားချက်နဲ့ အတူ
ဘယ်အရာကို မှ ဖမ်းဆုပ်မရပဲ
တစ်နေရာကို ပြုတ်ကျသွားသလိုပင်။

''F**k  ''

သုသု ခပ်တိုးတိုး ဆဲရေးရင်း

မျက်လုံးဖွင့်ကြည့်မိတယ်။

ဒါတောင် ပုံရိပ်တွေက ဝေဝါးနေဆဲ။

တစ်ခါလေး ပို့တာတောင် ဒီလောက်
ကြယ်တွေ လ တွေ မြင်နေရင်
နောက်ဆို ငါတော့ မလွယ်ဘူး ဟူး……

ခဏ လောက် မျက်လုံးမှိတ်ပြီး ပြန်ဖွင့် တော့မှ

မျက်စိရှေ့  ရှိသမျှကို  ရှင်းရှင်းလင်းလင်း မြင်ရ တော့တယ်။

ရှေးခေတ် တရုတ် အပြင်အဆင်နဲ့
ခပ်ဆင်ဆင်တူ နေတာမို့
သူဖတ်ဖူးတဲ့ ficတွေ ကို တောင်
သွားသတိရမိသေးတယ်။

လက်ရှိ သူ့ပုံစံကို ကြည့်မိတော့
ကြမ်းပြင်ပေါ် ငုတ်တုတ် ။

''………''

သြော် သူများ တွေလို ကုတင်လေးပေါ် ရောက်အောင်တောင် ပို့ မ ပေးရှာဘူး။

သူ ထရပ်ရင်း ထိုင်မိတဲ့ တင်ပါးနေရာက ဖုန်တွေကို ခါထုတ် လိုက်တယ်။

ဒီအချိန် သူ့မျက်စိ ရှေ့ကို အပြာရောင်
အရိပ်တစ်ခု လေတိုက်လိုက်သလို
လွင့်လာတယ်။

သုသု လက်နဲ့ကာရင်း ပါးစပ်ကလည်း
လွှတ်ခနဲ ထွက်သွားတယ်။

''  -ျီး  ဘာကြီးလဲဟ''

''…………''

သေချာ ကြည့်လိုက်မှ ပုံရိပ်ယောင်လို
လွင့် မျောနေတဲ့ 666။

''ငါ့ကို ဘာလို့ လာခြောက်နေတာလဲ
လန့်သွားတာပဲ ''

သုသု ပြောလည်းပြော 666ကို
လှမ်းပုတ်လိုက်တယ်။

အမုန်းဆုံး ဇာတ်ကောင် တို့ကို ကူညီခြင်းWhere stories live. Discover now